• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှားနှင့် ဗီယက်နမ်၏ ပင်လယ်ရပ်ဝန်း ပိုင်နက်လမ်းကြောင်း သတ်မှတ်ခြင်း ဆွေးနွေးပွဲနှင့် ပတ်သက်၍ တရုတ် တုန့်ပြန်

(GMT+08:00) 2017-09-01 12:23:05

    သြဂုတ်လ ၃၁ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပီကင်းတွင် ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်မှ အင်ဒိုနီးရှားနှင့် ဗီယက်နမ်၏ ပင်လယ်ရပ်ဝန်း ပိုင်နက်လမ်းကြောင်း သတ်မှတ်ခြင်း ဆွေးနွေးပွဲ ရပ်စဲရန် တရုတ်ပြည်မှ တောင်းဆိုချက် ဖော်ပြသလားဟူသော မေးမြန်းချက်နှင့် ပတ်သက်၍ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်က သက်ဆိုင်ရာ နိုင်ငံများ အနေနှင့် ၄င်းနိုင်ငံများနှင့် တရုတ်ပြည် အကြားရှိ နှစ်ဖက် ဆက်ဆံမှုကိုရော၊ တောင်ပင်လယ် ဒေသတွင် အေးချမ်းတည်ငြိမ်မှု ထိန်းသိမ်းကာကွယ်ရေးကိုပါ ရှေ့ရှုပြီး ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ရန် တရုတ်ပြည်က မျှော်လင့်ကြောင်း၊ တရုတ်ပြည်သည် သက်ဆိုင်ရာ နိုင်ငံများနှင့် နွေးထွေးစွာ ကူးလူးဆက်ဆံပြီး တောင်ပင်လယ် ဒေသတွင် အခြေအနေ တည်ငြိမ်ကောင်းမွန်လာနေသည့် အလားအလာကို ဆက်လက် ထိန်းသိမ်း ကာကွယ်ရန် လက်တွဲ ကြိုးပမ်းလိုကြောင်း ပြောကြားသည်။

   Webradio