• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ဒုတိယ ၃လပတ် အရှေ့တောင်အာရှ နိုင်ငံများ၏ စီးပွားရေး တိုးနှုန်း ခန့်မှန်းသည်ထက် ပိုမြင့်

(GMT+08:00) 2017-08-31 15:39:45

    ယခုနှစ် ဒုတိယ ၃လပတ် အရှေ့တောင်အာရှ နိုင်ငံများ၏ စီးပွားရေး တိုးနှုန်းများသည် ခန့်မှန်းသည်ထက် ပိုမြင့်ပြီး ဖွံ့ဖြိုးတိုးတက်မှု အလုံးစုံ အခြေအနေ ကောင်းမွန်ကြောင်း မကြာခင်က သက်ဆိုင်ရာ နိုင်ငံများမှ ထုတ်ပြန်ခဲ့သည့် စာရင်းများကို ကိုးကား၍ တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

    အရှေ့တောင်အာရှ နိုင်ငံများ၏ စီးပွားရေး တိုးတက်မှု အတွက် ပြင်ပဒေသများမှ အကြီးမားဆုံး မရေမရာဖြစ်မှုမှာ အမေရိကန် ထရမ့် အစိုးရ ကျင့်သုံးနေသည့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဆောင်ရွက်ချက်နှင့် အမေရိကန် ဗဟိုဘဏ်မှ ငွေအတိုးနှုန်း တိုးပွားစေခြင်း များဖြစ်ကြောင်း၊ ထို့အပြင်၊ အရှေ့တောင်အာရှ နိုင်ငံများ အပေါ် တရုတ် စီးပွားရေး ဖွဲ့စည်းပုံ ထိန်းညှိခြင်း၏ ဂယက်ရိုက်ခတ်မှုကို လူအများက အာရုံစိုက်နေကြကြောင်း ရေးသား ဖော်ပြသည်။

    အရှေ့တောင်အာရှ နိုင်ငံများတွင် ဖိလစ်ပိုင် နိုင်ငံ၏ စီးပွားရေး တိုးနှုန်းမှာ ၆့၅ရာခိုင်နှုန်း ရှိပြီး အမြင့်ဆုံး ဖြစ်ကြောင်း၊ ဖိလစ်ပိုင် အမျိုးသား စာရင်းအင်း ဌာနမှ စီးပွားရေး စီမံခန့်ခွဲရေး တာဝန်ခံ၊ အဆင့်မြင့်အရာရှိ ပေနီယာက ယခုနှစ် တစ်နှစ်ပတ်လုံး တွင် ဖိလစ်ပိုင် စီးပွားရေး တိုးနှုန်းမှာ ၇့၅ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းရကြောင်း ပြောကြားသည်။

    ယခုနှစ် ဒုတိယ ၃လပတ်တွင် မလေးရှား စီးပွားရေး တိုးနှုန်းမှာ ၅့၈ရာခိုင်နှုန်း ရှိပြီး မူလလျာထားသည့် ၅့၎ရာခိုင်နှုန်းထက် ပိုမြင့်ကာ ပြီးခဲ့သည့် ၂နှစ်အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးနှုန်းမှာ ၃့၇ရာခိုင်နှုန်းရှိပြီး မူလက လျာထားသည့် ၃့၂ရာခိုင်နှုန်းထက် များစွာမြင့်ကာ ပြီးခဲ့သည့် ၄နှစ် အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။

   Webradio