• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှားကို ခေတ်မီ စည်ပင်သာယာသော နိုင်ငံ တစ်နိုင်ငံ အဖြစ် တည်ဆောက်ရန် မလေးရှား ဝန်ကြီးချုပ် ပန်ကြား

(GMT+08:00) 2017-08-31 15:38:43

    သြဂုတ်လ ၃၁ရက်နေ့သည် မလေးရှား နိုင်ငံ၏ အကြိမ်၆၀မြောက် လွတ်လပ်ရေးနေ့  ဖြစ်သည်။ မလေးရှား ဝန်ကြီးချုပ် နာဂျစ်ဘ်က ယခုလ ၃၀ရက်နေ့က လွတ်လပ်ရေးနေ့ အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ စီးပွားရေး တိုးနှုန်း ကျဆင်းသွား နေသည့် အခြေအနေမျိုးတွင် အစိုးရသည် လက်တွေ့ကျသော နည်းပရိယာယ်နှင့် ထိရောက်သော စီမံခန့်ခွဲရေး မူဝါဒများဖြင့် မလေးရှား၏ စီးပွားရေး ရင်ဆိုင်နိုင်စွမ်းကို တိုးမြှင့်လာကြောင်း၊ မလေးရှား ပြည်သူ တစ်ရပ်လုံးအား စည်းလုံးညီညွတ်ပြီး မလေးရှားကို ခေတ်မီ စည်ပင်သာယာသော နိုင်ငံ တစ်နိုင်ငံ အဖြစ် တည်ဆောက်ရန် ပန်ကြားကြောင်း ပြောကြားသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

   Webradio