• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ပညာတော်သင်များ အတွက် တရုတ်သံရုံး ပို့ဆောင်နှုတ်ဆက်ပွဲ ကျင်းပပေး

(GMT+08:00) 2017-08-31 12:18:52

 

မြန်မာ တက္ကသိုလ်ကျောင်းများ၊ အစိုးရ လုပ်ငန်းဌာနနှင့် အဖွဲ့အစည်းများမှ ကျောင်းသူကျောင်းသားနှင့် ဝန်ထမ်းတစ်ရာသည် ပညာတော်သင်များ အဖြစ် တရုတ်ပြည် သို့သွားရောက် ပညာသင်ယူလေ့လာကြမည် ဖြစ်ကြောင်း၊ ၄င်းပညာတော်သင်များ၏ ကိုယ်စားလှယ်များသည် ယခုလ ၃၀ရက်နေ့က ရန်ကုန်မြို့တွင် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးက ၄င်းတို့ အတွက် ကျင်းပပေးသည့် ပို့ဆောင်နှုတ်ဆက်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန့်က မြန်မာ နိုင်ငံ၏ စီးပွားရေး အပါအဝင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး အတွက် သော့ချက်မှာ အရည်အသွေးပြည့်ဝသည့်လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်ကြောင်း ပြောကြားသည်။

မြန်မာ ပညာရေး ဝန်ကြီးဌာနမှ ကိုယ်စားလှယ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ကျော်ကျော်ခန့်က မြန်မာ ပညာတော်သင်များအား တရုတ်ပြည်တွင် ကောင်းမွန်စွာ ပညာသင်ယူလေ့လာပြီး မြန်မာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကျိုးပြု စွမ်းဆောင်ရန် အားပေးကြောင်း ပြောကြားသည်။

   Webradio