• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ နိုင်ငံ ရခိုင် ပြည်နယ် ဆိုင်ရာ ပြဿနာ ဖြေရှင်းရန် ခက်ခဲ

(GMT+08:00) 2017-08-29 15:00:37

မြန်မာ နိုင်ငံ ရခိုင် ပြည်နယ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ၃ရက် ဆက်တိုက် ဖြစ်ပွားရာ ယခုလ ၂၇ရက်နေ့အထိ လူတစ်ရာကျော် သေဆုံးခဲ့ရကြောင်း၊ မြန်မာ အစိုးရက ၄င်းတိုက်ခိုက်မှုများ ပြုလုပ်သူသည် အစွန်းရောက် ဘင်္ဂါလီ လူမျိုးဖြစ်ကြောင်း၊ ၄င်းတိုက်ခိုက်သည့် အဖွဲ့ကို အစွန်းရောက် အကြမ်းဖက်အဖွဲ့ အဖြစ် ကြေညာပြီး အကြမ်းဖက်မှု တိုက်ဖျက်ရန် အတွက် ရခိုင်ပြည်နယ်သို့ တပ်ဖွဲ့စေလွှတ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ဘင်္ဂါလီ လူမျိုးသည် ရခိုင်ပြည်နယ်တွင် လူဦးရေ အများစု ဖြစ်သည့် ရခိုင်လူမျိုးတို့ အကြား နှစ်လရှည်စွာ မသင့်မတင့်ဖြစ်ကြောင်း၊ မကြာခင်နှစ်များက လူမျိုး ၂ခုအကြားရှိ ပဋိပက္ခကြောင့် အချင်းပွားမှု ကြိမ်ဖန်များစွာ ဖြစ်လာခဲ့ကြောင်း၊ အကြမ်းဖက်သမားများ အပေါ် မြန်မာ ရဲတပ်မှ ချေမှုန်းသုတ်သင်ရေး ဆောင်ရွက်မှုများကြောင့် အငြင်းပွားမှု ဖြစ်ပေါ်လာသလို ဘင်္ဂါလီ လူမျိုး များစွာတို့ အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ခြင်းကြောင့်  တရားမဝင် ရွှေ့ပြောင်းအခြေစိုက် နေထိုင်သူ ပြဿနာ ဖြစ်ပေါ်လာကြောင်း၊ ယင်းပြဿနာများကြောင့် မြန်မာ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် သည် ကြီးမားသည့် နိုင်ငံတကာ ဖိအားပေးမှုဒဏ်ခံနေရကြောင်း ရေးသားဖော်ပြသည်။

ရခိုင် ပြည်နယ်က နေထိုင်သူ အားလုံး အတွက် ၄င်းပြဿနာ ဖြေရှင်းရန်  မြန်မာ အစိုးရ ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် လွန်ခဲ့သည့် သီတင်းပတ်က ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အခြေအနေ တင်းမာမှု ဆိုးရွားလာကြောင်း သိရသည်။

ဘင်္ဂါလီ လူမျိုးများက ရခိုင်ပြည်နယ်တွင် နေထိုင်မှု သမိုင်း ကြာရှည်ပြီး တရားဝင် နေထိုင်သူ ဖြစ်ကြောင်း ယူဆကြသည်။ မြန်မာ အစိုးရနှင့် ပြည်သူများ ကတော့ ဘင်္ဂါလီ လူမျိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လာရောက်သော တရားမဝင် ရွှေ့ပြောင်းအခြေစိုက် နေထိုင်သူများ ဖြစ်ကြောင်း၊ ၄င်းတို့ လူမျိုးတစ်မျိုး မဟုတ်ကြောင်း ယူဆကြသည်။ ရခိုင် ပြည်နယ် ဆိုင်ရာ ပြဿနာ ဖြေရှင်းရေး အတွက် ခက်ခဲသည့် အချက်မှာ ဘင်္ဂါလီ လူမျိုးသည် မြန်မာနိုင်ငံဖြစ်ဖြစ်၊ အခြား နိုင်ငံများဖြစ်ဖြစ် နိုင်ငံသား မှတ်ပုံတင် မရရှိနိုင်သောကြောင့် လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းနေထိုင်နိုင်မည် မဟုတ်ကြောင်း အကဲခတ် ပုဂ္ဂိုလ်များက ဖော်ပြသည်။

   Webradio