• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၆၁ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ထိုင်း မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ကြပ်မတ်မှု အောင်မြင်စွာ ဆောင်ရွက်ပြီးစီး

(GMT+08:00) 2017-08-28 14:42:57

ယခုလ ၂၅ရက်နေ့က တရုတ် ကင်းလှည့်ကြပ်မတ်ရေး သင်္ဘော ၃စင်းသည် တရုတ်ပြည် ယူနန်ပြည်နယ် ကွမ်လေဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိခဲ့ကြောင်း၊ ၆၁ကြိမ်မြောက် တရုတ်၊လာအို၊မြန်မာ၊ထိုင်း မဲခေါင်မြစ် ပူးတွဲ ကင်းလှည့်ကြပ်မတ်မှုကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းကင်းလှည့်ကြပ်မတ်မှု ဆောင်ရွက်စဉ် အတွင်း ၄နိုင်ငံမှ တာဝန်ခံများသည် မကြာခင်က မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများ ဆက်လက် ပူးတွဲ တိုက်ဖျက်ရေးနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ကြပြီး နောက်တစ်ဆင့် ဆောင်ရွက်ရေး အစီအစဉ်များကို အတူ လေ့လာ ချမှတ်ခဲ့ကြကြောင်း သိရသည်။

   Webradio