• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ ဆန်စပါးထွက်ဆီ(Rice Bran Oil) အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-08-25 15:11:25

စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ ဆန်စပါးထွက်ဆီ(Rice Bran Oil) အစည်းအဝေး ကို ယခုလ ၂၄ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

တရုတ်၊ ထိုင်း၊ ဂျပန်၊ အမေရိကန်နှင့် အိန္ဒိယ အပါအဝင် နိုင်ငံ ၂၀ကျော်မှ ပညာရှင် ၁၅၀ကျော်သည် ဆေးဝါး၊ အလှပြင်ပစ္စည်း၊ ကျန်းမာရေးဆိုင်ရာ ပစ္စည်းနှင့် စားသောက်ကုန် ပစ္စည်း နယ်ပယ်များတွင် ဆန်စပါးထွက်ဆီ၏ အသုံးပြုမှု လေ့လာရေးနှင့် ပတ်သက်၍ ဆွေးနွေးကြကြောင်း သိရသည်။

   Webradio