• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ သတ္တုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကျင်းပ

(GMT+08:00) 2017-08-25 15:10:28

တရုတ်-အာဆီယံ သတ္တုလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်နှင့် မိတ်ဆက်ဖြန့်ချိပွဲ ကို ယခုလ ၂၄ရက်နေ့က တရုတ်ပြည် ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ နန်နင်းမြို့တွင် ကျင်းပခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

တရုတ်-အာဆီယံ ဒေသတွင်း သတ္တုလုပ်ငန်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့် ဆောင်ရွက်ရေး၊ ညစ်ညမ်းမှု မရှိဘဲ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်မှု ရှိပြီး ဆက်တိုက် ပြုနိုင်သော သတ္တု လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အတူ တည်ဆောက်ရေးသည် ဖိုရမ်သို့ တက်ရောက်ကြသော တရုတ်နှင့် အာဆီယံ နိုင်ငံများမှ တွင်းထွက်သတ္တု သယံဇာတ လုပ်ငန်းဌာနများမှ တာဝန်ခံများသည် အလေးထား ဆွေးနွေးသည့် ခေါင်းစဉ်များ ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် တရုတ်နှင့် အာဆီယံသည် စက်မှုလုပ်ငန်း ထွန်းကားမှုနှင့် မြို့ပြ ဖြစ်ထွန်းမှုကို အင်တိုက်အားတိုက် တွန်းအားပေးနေသည့်အတွက် ဒေသတွင်း သတ္တု လုပ်ငန်းတွင် ပိုမို ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် အလားအလာရှိကြောင်း၊ အာဆီယံ နိုင်ငံများသည် တွင်းထွက် သတ္တု သယံဇာတ တူးဖော်ရေးနှင့် သတ္တုတွင်း ထုတ်လုပ်မှု ဆိုင်ရာ တင်းကျပ်သော စည်းမျဉ်း ဥပဒေများ ချမှတ်ခြင်းစသည်များဖြင့် ၄င်းနိုင်ငံများ၏ သတ္တုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးပြီး သတ္တု လုပ်ငန်း ရင်းနှီးမြှုပ်နှံရေး မူဝါဒ ထိန်းညှိမှု ပြုလုပ်ကာ ဒေသတွင်း သတ္တု လုပ်ငန်း ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုကို ရေရှည်ရှင်သန်စွာ ပြုလုပ်ရန် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

တရုတ် နိုင်ငံတော် နယ်မြေ သယံဇာတ ဝန်ကြီးဌာန ဒုဝန်ကြီး ဇောဝေ့ရှင်းက တရုတ်နှင့် အာဆီယံတို့သည် သတ္တုလုပ်ငန်း နယ်ပယ်တွင် ကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်ရေး အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့ကြောင်း၊ အနာဂတ်တွင် နှစ်ဖက်တို့သည် သတ္တုလုပ်ငန်း သတင်းအချက်အလက်များ အတူမျှဝေခံစားရေး၊ သတ္တုလုပ်ငန်း ထုတ်လုပ် နိုင်စွမ်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ သတ္တုလုပ်ငန်းဇုန် တည်ဆောက်ရေး၊ သတ္တု လုပ်ငန်း သိပ္ပံနည်းပညာ ကူးလူးဖလှယ်ရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်မှု အားဖြည့်ပြုလုပ်ပြီး တရုတ်-အာဆီယံ သတ္တုလုပ်ငန်း အဆင့်တိုးမြှင့်ရေးကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio