• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် H1N1ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများကို အရေးပေါ် ကူညီထောက်ပံ့

(GMT+08:00) 2017-08-25 13:55:16

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွက် အရေးပေါ် ကူညီထောက်ပံ့ပေးသော H1N1ကာကွယ်ဆေး နှင့် သက်ဆိုင်ရာ ပစ္စည်းများသည် သြဂုတ်လ ၂၄ရက်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ တရုတ်-မြန်မာ နှစ်ဖက်တို့သည် လေဆိပ်တွင် အခမ်း အနားကိုကျင်းပပြီး တရုတ်ယွမ်ငွေ သန်း၂၀ ကျော် ဖိုးရှိသော အဆိုပါ ပစ္စည်းများကို လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ စာရင်းအရ ယခုလ ၁၈ရက်နေ့ အထိ မြန်မာနိုင်ငံတွင် H1N1 တုပ်ကွေးဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ ၂၈၀ ကျော်ရှိပြီး ယင်း ဗိုင်းရပ်စ်ပိုးကြောင့် လူ ၂၉ဦး သေဆုံးခဲ့ကြောင်း၊ သတင်းရရှိပါသည်။

   Webradio