• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အင်ဒိုနီးရှား ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလားအလာ များစွာရှိ

(GMT+08:00) 2017-08-24 15:24:46

လွန်ခဲ့သည့် ၂နှစ်က အွန်လိုင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ အင်ဒိုနီးရှား နိုင်ငံ၏ အင်တာနက် ငွေကြေး ကုမ္ပဏီ ပမာဏသည် ၇၈ရာခိုင်နှုန်း တိုးလာ ကြောင်း၊ ယင်းသည် ဒီဂျစ်တယ် စီးပွားရေး တရားနည်းလမ်းကျစွာဖြင့် ဖွံ့ဖြိုးတိုးတက် စေခြင်းက အင်ဒိုနီးရှား၏ စည်ပင်သာယာမှု အကောင်အထည်ဖော်ရေး အတွက် အထောက်အကူ ဖြစ်သည်ကို ဖော်ပြနေကြောင်း တရုတ်ပြည် စီးပွားရေး နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

အင်ဒိုနီးရှား သမ္မတ ဂျိုကိုက မကြာခင်က ၄င်းနိုင်ငံ၏ သမိုင်းကြောင်းတွင် ပထမ ဆုံး"အွန်လိုင်းကုန်သွယ်မှု လမ်းကြောင်းပြ မြေပုံ"တွင် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ ကြောင်း၊ ယင်းသည် အင်ဒိုနီးရှား နိုင်ငံ၏ ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးတည်ချက်သစ်ကို ညွှန်းပြပေးခဲ့ကြောင်း၊ မူလ အစီအစဉ် အတိုင်း ၄င်းလမ်းကြောင်းပြ မြေပုံကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် လက်မှတ်ရေးထိုးရန် ရှိကြောင်း၊ ယခု မူလ လျာထားချိန် ၃-၄လ ပိုစော၍ ထုတ်ပြန်ဖော်ဆောင်ခြင်းသည် ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အင်ဒိုနီးရှား၏ ပြင်းပြသည့် ဆန္ဒကို ပြဆိုနေကြောင်း သိရသည်။

အင်ဒိုနီးရှား နိုင်ငံ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် လုပ်ငန်း ဝန်ကြီး ဌာန ဝန်ကြီး ရူဒီ အန်တာရာက ၄င်းလမ်းကြောင်းပြမြေပုံတွင် အင်ဒိုနီးရှား၏ ဒီဂျစ်တယ် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ နည်းပညာ၊ ကုန်စည်ပို့ဆောင်မှု၊ အခွန်၊ အင်တာ နက်လုံခြုံမှု၊ နိုင်ငံဖြတ်ကျော် အရောင်းအဝယ်ပြုမှု၊ စားသုံးသူများ၏ အခွင့်အရေး ထိန်းသိမ်း ကာကွယ်ရေးနှင့် လူစွမ်းအား အရင်းအမြစ် ဖော်ထုတ်ရေး စသည့် အချက်အလက်များ ပါဝင်ကြောင်း၊ အွန်လိုင်း ကုန်သွယ်မှု  လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ဒီဂျစ်တယ် စီးပွားရေးသည် အင်ဒိုနီးရှား၏ ကျောရိုးမဏ္ဍိုင် လုပ်ငန်း စောလျင်စွာ ဖြစ်ပြီး ပုဂ္ဂလိကပိုင် ကုမ္ပဏီပါ သောင်းနှင့် ချီသော အလတ်စားနှင့် အသေးစား ကုမ္ပဏီများ အကျိုးရရှိစေရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio