• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်မှ ကူညီပံ့ပိုးမှုဖြင့် အဆင့်မြင့် လယ်ယာစိုက်ပျိုးရေး ပညာရှင်များ အကြံပေးရေး လုပ်ငန်း၏ သင်ကြားပျိုးထောင်ပေးရေး သင်တန်း ကမ္ဘောဒီးယားတွင် ဖွင့်လှစ်

(GMT+08:00) 2017-08-23 15:12:38

တရုတ် လယ်ယာစိုက်ပျိုးရေး ပညာရှင် ၃ဦး ပါဝင်သည့် ကမ္ဘောဒီးယားအား ကူညီပံ့ပိုးရေး အဆင့်မြင့် လယ်ယာစိုက်ပျိုးရေး ပညာရှင်များ အကြံပေးရေး လုပ်ငန်း၏ သင်ကြားပျိုးထောင်ပေးရေး သင်တန်းကို ယခုလ ၂၂ရက်နေ့က ကမ္ဘောဒီးယားတွင် ဖွင့်လှစ်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

သင်တန်းဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်သော ကမ္ဘောဒီးယား နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး စီးပွားကုန်သွယ်ရေး သံမှူး လီအန့်က ယင်းသည် တရုတ် အစိုးရမှ ပထမဆုံး အဆင့်မြင့် လယ်ယာစိုက်ပျိုးရေး ပညာရှင်များ အကြံပေးရေး လုပ်ငန်း ဖြစ်ကြောင်း ပြောကြားသည်။

   Webradio