![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
အဌမ အကြိမ်မြောက် စင်ကာပူ-ကွမ်တုန်း ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ နှစ်ပတ်လည် အစည်းအဝေးကို ယခုလ ၂၂ရက်နေ့က တရုတ်ပြည် ကွမ်ကျိုးမြို့တွင် ကျင်းပခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။
၎င်းအစည်းအဝေးတွင် တရုတ်-စင်ကာပူ ကွမ်ကျိုးဗဟုသုတမြို့တော်နှင့် စင်ကာပူ- ကွမ်တုန်း ပူးပေါင်းဆောင်ရွက်ရေး ကောင်စီတို့သည် ဗဟုသုတမြို့တော် တည်ဆောက် ရေး၊ ဆော့ဖ်ဝဲယား ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး၊ ဆန်းသစ်သော မြို့ပြဖြစ်ထွန်းမှု တည်ဆောက်ရေး စသည့် နယ်ပယ်များတွင် လုပ်ငန်းရပ် ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာနှင့် မူဘောင် သဘောတူ စာချုပ် ၈ခုကို ချုပ်ဆိုခဲ့ကြောင်း၊ ၄င်းစာချုပ်တွင် "စင်ကာပူ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ဆန်းသစ် တီထွင်ရေး စင်တာ"လုပ်ငန်းရပ်ကို တရုတ်-စင်ကာပူ ကွမ်ကျိုးဗဟုသုတမြို့တော်တွင် ထားရှိမည် ဖြစ်ကြောင်း ဖော်ပြသည်။