• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"မဲခေါင်မြစ် အလင်းရောင် ခရီး" လှုပ်ရှားမှု မြန်မာတွင် ထပ်မံ ပြုလုပ်`

(GMT+08:00) 2017-08-23 15:10:09

"မဲခေါင်မြစ် အလင်းရောင် ခရီး"၏ မြန်မာနိုင်ငံပိုင်း လှုပ်ရှားမှုကို ယခုလ ၂၂ရက်နေ့က မြန်မာ နိုင်ငံ မန္တလေးမြို့ ထီးဆောင်း ရွှေရတု တိပိဋက စက္ခုပါလ မျက်စိ ဆေးရုံတွင် စတင် ပြုလုပ်ခဲ့ကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှုတွင် မြန်မာ မျက်စိအတွင်းတိမ်ရောဂါ ဝေသနာရှင် ၂၀၀ အတွက် မျက်စိအလင်းရောင် ပြန်လည်ရရှိရန် ခွဲစိတ်ကုသမှုများ ပြုလုပ်မည် ဖြစ်ကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

"မဲခေါင်မြစ် အလင်းရောင် ခရီး" လှုပ်ရှားမှုကို တရုတ် အများပြည်သူ့ သံတမန်ရေး အသင်း၊ တရုတ် ပရဟိတသမဂ္ဂနှင့် ယူနန်ပြည်နယ်ရှိ တရုတ်ပြည်ပြန် တရုတ် အနွယ်ဖွား များသမဂ္ဂတို့ အတူ ကျင်းပကြသော ပရဟိတ လှုပ်ရှားမှု ဖြစ်ကြောင်း၊ ၄င်းလှုပ်ရှားမှုကို လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာ ၃နိုင်ငံတွင် ၃ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။

 

   Webradio