• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ဇန်နဝါရီမှ ဇူလိုင်လအထိ ထိုင်းတွင် တရုတ် ခရီးသည် ဦးရေ ၅သန်း၆သိန်းကျော်ရှိ

(GMT+08:00) 2017-08-21 14:57:58

ထိုင်းနိုင်ငံ ခရီးသွားနှင့် အားကစား ဝန်ကြီးဌာနက ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ ထိုင်းနိုင်ငံတွင် ခရီးလှည့်လည်ခဲ့သည့် နိုင်ငံခြား ခရီးသည် ဦးရေမှာ သန်းပေါင်း ၂၀ကျော် ရှိပြီး ယမန်နှစ် အလားတူ အချိန်ကထက် ၄့၄၇ရာခိုင်နှုန်းတိုးလာကြောင်း၊ ယင်းအနက် တရုတ်ပြည်မကြီးမှ ခရီးသည် ဦးရေမှာ ၅သန်း၆သိန်း၅သောင်းခန့် ရှိပြီး ထိုင်းနိုင်ငံအတွက် ဆောင်ကြဉ်းလာသော ခရီးသွား ဝင်ငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ ၈့၇၃ဘီလီယံ ရှိကြောင်း ယခုလ ၁၈ရက်နေ့က ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

 

   Webradio