• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာတွင် တရုတ်ပြည် ယူနန်ပြည်နယ် ပြုလုပ်သည့် အလင်းရောင် ခရီးစဉ် လှုပ်ရှားမှု စတင်ခြင်း အခမ်းအနား ကျင်းပ

(GMT+08:00) 2017-08-20 13:42:18

ယခုလ ၁၉ရက်နေ့က တရုတ်ပြည် ယူနန်ပြည်နယ်မှ မြန်မာ နိုင်ငံတွင် ပြုလုပ်သည့် အလင်းရောင် ခရီးစဉ် လှုပ်ရှားမှု စတင်ခြင်း အခမ်းအနားကို ရန်ကုန် သီတဂူ ရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံတွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် လှုပ်ရှားမှုကို တရုတ်ပြည် ယူနန်ပြည်နယ် လူမှုရေး အဖွဲ့အစည်း နိုင်ငံတကာ ကူးလူးဆက်ဆံမှု ချစ်ကြည်ရေး ဖောင်ဒေးရှင်း၊ ယူနန်ပြည်နယ် ကျန်းမာရေးနှင့် မိသားစု စီမံကိန်း ကော်မတီ၊ ယူနန်ပြည်နယ် အမှတ်(၂) ပြည်သူ့ဆေးရုံနှင့် မြန်မာ ဝီသာခါ ဖောင်ဒေးရှင်းတို့ ပူးတွဲ ကျင်းပကြခြင်း ဖြစ်ကြောင်း၊ မြန်မာ ဆေးဝါးကုသရေး အသင်း ဥက္ကဋ္ဌ ဒေါက်တာ ကျော်လှ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံးမှ နိုင်ငံရေး သံမှူး ယန်ရှိုကျင်း၊ ရန်ကုန် သီတဂူရွှေပြည်ဟိန်းစက္ခုဒါနဆေးရုံ ဒါရိုက်တာ ခေမာသီရိလင်္ကာရ၊ ဝီသာခါ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဝင်းမင်းသစ်၊ ယူနန်ပြည်နယ် ပြည်သူ့ နိုင်ငံတကာ ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ၊ ယူနန်ပြည်နယ် ဆေးဝါးကုသမှု အဖွဲ့ ခေါင်းဆောင် ကျိုးဟုန်နှင့် မြန်မာ မျက်စိအတွင်းတိမ်ရောဂါ ဝေသနာရှင်များ အပါအဝင် စုစုပေါင်း ပုဂ္ဂိုလ် ၃၀၀ခန့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် မိန့်ခန်းပြောကြားရာ၌ နိုင်ငံရေး သံမှူး ယန်ရှိုကျင်းက ယခုအကြိမ် အလင်းရောင် ခရီး လှုပ်ရှားမှုသည် တရုတ်-မြန်မာ ချစ်ကြည်မှု တိုးပွားစေရေး၊ နှစ်နိုင်ငံ အကြားရှိ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး နက်ရှိုင်းစေရေး အတွက် ပေါင်းကူးတံတားသစ် ဖြစ်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ယခုအကြိမ် အလင်းရောင်း ခရီး လှုပ်ရှားမှုကို ၅ရက်ကြာ ပြုလုပ်မည် ဖြစ်ပြီး မျက်စိအတွင်းတိမ်ရောဂါ ဝေသနာရှင် ၂၀၀ အတွက် အခမဲ့ ခွဲစိတ်ကုသမှု ပြုရန် စီစဉ်ထား ကြောင်း၊ မကြာခင်နှစ်များက တရုတ် ဆေးဝါးကုသရေးနှင့် ပရဟိတ ဌာနများသည် မြန်မာ နိုင်ငံသို့ သွားရောက်ပြီး အလင်းရောင်း ခရီး လှုပ်ရှားမှုကို ပြုလုပ်ကာ စုစုပေါင်း မျက်စိအတွင်းတိမ် ရောဂါ ဝေသနာရှင် ၆၀၀၀ခန့် အတွက် ခွဲစိတ်ကုသမှုများကို အောင်မြင်စွာ ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

   Webradio