• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ တည်ထောင်ခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်း အထိမ်းအမှတ် အခမ်းအနား ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့

(GMT+08:00) 2017-08-14 11:14:54

အာဆီယံ တည်ထောင်ခဲ့သည့် နှစ်၅၀ပြည့်မြောက်ခြင်းကို ဂုဏ်ပြုသည့် အနေဖြင့် အာဆီယံ အတွင်းရေးမှူးရုံးဌာနသည် ယခုလ ၁၁ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့တွင် အထိမ်းအမှတ် အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ခဲ့ကြောင်း တရုတ်ပြည် စီးပွားရေး နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို၊ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi၊ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး အာနီဖာနှင့် အာဆီယံ ဆိုင်ရာ နိုင်ငံများမှ သံတမန် အရာရှိများသည် ၄င်းအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minhက တစ်ဖက်က လွန်ခဲ့သည့် နှစ်ပေါင်း ၅၀အတွင်း အာဆီယံ နိုင်ငံများသည် စိန်ခေါ်မှုတွေကို အတူ ရင်ဆိုင်ရေးနှင့် အခက်အခဲ များကို အတူ ကျော်လွှားဖြေရှင်းရေးတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ရောနှောပေါင်းစပ်မှု ပြုလုပ်ရာတွင် အပြန်အလှန် သိရှိနားလည်မှု၊ အသိအမှတ်ပြုမှုနှင့် ယုံကြည်မှုကို တိုးပွားစေခဲ့ကြောင်း၊ ယင်းသည် ကဏ္ဍစုံဖြစ်ရေး အခြေခံပေါ်တွင် အာဆီယံ၏ ဘုံမျှော်လင့်ချက် အကောင် အထည်ဖော်ရေး အတွက် ခိုင်မာသည့် အခြေခံ အုတ်မြစ် ဖြစ်ကြောင်း၊ နောက်တစ်ဖက် ကတော့ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများ အကြားရှိ ပူးပေါင်းဆောင်ရွက်မှုသည် ဆက်တိုက် နက်ရှိုင်းလာပြီး ယခုအထိ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၈၈ခုသည် အာဆီယံသို့ ထာဝရ ကိုယ်စားလှယ်များကို စေလွှတ်ခဲ့ပြီ ဖြစ်ကြောင်း၊ ယင်းသည် ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် စည်ပင်သာယာရေး အတွက် မရှိမဖြစ်သော အကျိုးပြု စွမ်းဆောင်မှု ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

   Webradio