• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ဗီယက်နမ် စီးပွားရေး ခန့်မှန်းခြေ တိုးနှုန်း ၆့၅ ရာခိုင်နှုန်း ရှိမည်

(GMT+08:00) 2017-08-11 15:40:35

ဗီယက်နမ် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာနမှ ၁၀ရက်နေ့က ခန့်မှန်းချက် အရ ယခုနှစ် ဗီယက်နမ်၏ ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏ(ဂျီဒီပီ) တိုးနှုန်းမှာ ၆့၅ရာခိုင်နှုန်းရှိပြီး မူလလျာထားသည့် ၆့၇ရာခိုင်နှုန်းထက် နိမ့်ကြောင်း သိရသည်ဟု ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။

အကြောင်းရင်းမှာ ပထဝီ အနေအထား အရ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု၊ ဗီယက်နမ် ကုန်သွယ်မှုနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး အပေါ် ကမ္ဘာ့ ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဦးမော့လာခြင်းမှ ဆိုးကျိုး၊ ဗီယက်နမ်၏ ပို့ကုန် အပေါ် အမေရိကန်၏ ကုန်သွယ်ရေး ဆိုင်ရာ ကိုယ်ကျိုး စီးပွား ကာကွယ်ရေးနှင့် အခွန်တော် မူဝါဒမှ တိုက်ရိုက် ထိခိုက်ခြင်း၊ ရေနံစိမ်း ဈေးနှုန်း ကျဆင်းသည့် အတွက် ဗီယက်နမ်၏ ပို့ကုန် ပမာဏ လျော့နည်းသွားခြင်းစသည်များကြောင့် ဖြစ်ကြောင်း ဗီယက်နမ် စီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံရေး ဝန်ကြီးဌာနက ဖော်ပြသည်။

   Webradio