• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယား ကျွန်းဆွယ် ပြဿနာ ဆိုင်ရာ ဘက်အသီးသီးတို့ ဆွေးနွေးပွဲ ကျင်းပနိုင်အောင် အခြေအနေ ဖန်တီးရန် အာဆီယံ ပန်ကြား

(GMT+08:00) 2017-08-06 12:33:40

အာဆီယံ နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများက ယခုလ ၅ရက်နေ့က ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် ကြေညာချက် ထုတ်ပြန်ရာ ကိုးရီးယား ကျွန်းဆွယ် အခြေအနေ တင်းမာမှု အဆက်မပြတ် အရှိန်မြင့်လာခြင်း အပေါ် များစွာ အာရုံစိုက်နေကြကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးတို့အား သည်းခံစိတ်ထားပြီး ဆွေးနွေးပွဲ ကျင်းပနိုင်အောင် အခြေအနေ ဖန်တီးရန် ပန်ကြားကြောင်း၊ အာဆီယံ အနေနှင့် ကိုးရီးယား ကျွန်းဆွယ် ပြဿနာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း ဖော်ပြသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

   Webradio