• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၅၀ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး တရားဝင် ဖွင့်လှစ်

(GMT+08:00) 2017-08-06 12:31:59

၅၀ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၅ရက်နေ့ နံနက်ပိုင်းက ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တော်တွင် တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

အာဆီယံ အဖွဲ့ဝင် ၁၀နိုင်ငံမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ "ပြုပြင်ပြောင်းလဲ ရေးကိုစွဲကိုင်ပြီး ကမ္ဘာနှင့် ညီညွတ်စေရန်" ဖြစ်ကြောင်း၊ နိုင်ငံခြားရေး ဝန်ကြီးများသည် အာဆီယံ တည်ထောင်ရေး တိုးတက်မှုနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်ကို ပြန်လည်သုံးသပ်ပြီး အတူ အာရုံစိုက်ကြသော ဒေသတွင်းနှင့် နိုင်ငံတကာ ပြဿနာများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio