• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင် မာလာဝီ အချင်းပွားမှု အရှိန်မြင့်လာ

(GMT+08:00) 2017-07-19 14:48:14

ယခုအထိ ဖိလစ်ပိုင် တောင်ပိုင်း Mindanaoကျွန်း မာလာဝီမြို့၌ ဖိလစ်ပိုင် အစိုးရ တပ်ဖွဲ့နှင့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် Mauteအဖွဲ့နှင့် အာဘူဇာယဲ့ဗ် လက်နက်ကိုင်အဖွဲ့တို့ အကြား ၂လကြာခန့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုလ ၁၈ရက်နေ့က ဖိလစ်ပိုင် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၄င်းဒေသရှိ လက်နက်ကိုင် အချင်းပွားမှုကို အဆုံးသတ်နိုင်အောင် သမ္မတ ဒူတာတယ်သည် Mindanaoကျွန်း စသည့် ဒေသများတွင် ကျင့်သုံးနေသော မာရှယ်လောကို ယခုနှစ် ကုန်ပိုင်းအထိ ဆက်တိုးမြှင့် ကျင့်သုံးရန် လွှတ်တော်အား ပန်ကြားခဲ့ကြောင်း ပြောကြား သည်။

ဖိလစ်ပိုင် စစ်ဘက်မှ ယခုလ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သော နောက်ဆုံး စာရင်းအရ ယခုအထိ မာလာဝီတွင် ဖြစ်ပွားသော လက်နက်ကိုင် အချင်းပွားမှု၌ လက်နက်ကိုင်သမား ၄၁၁ယောက်၊ ရဲတပ်သား ၉၇ဦးနှင့် အရပ်သူ အရပ်သား ၄၅ဦး အပါအဝင် လူ ၅၅၃ဦး သေဆုံးခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် လက်နက်ကိုင် သမား ၆၀ခန့်သည် မာလာဝီမြို့ရှိ ရပ်ကွက်၎ခုကို သိမ်းပိုက်ထားနေသေးကြောင်း သိရသည်။ ဖိလစ်ပိုင် စစ်ဘက်က ဇူလိုင်လ ၂၄ရက်နေ့ သမ္မတ ဒူတာတယ် နိုင်ငံတော် အခြေအနေ အစီရင်ခံစာကို တင်သွင်းခြင်း မပြုမီတွင် အချင်းပွားမှုကို အပြီးအပြတ် အဆုံးသတ်ရန် မျှော်လင့်ကြောင်း မကြာခင်က ပြောကြားခဲ့သည်။

သို့သော် ဖိလစ်ပိုင် သမ္မတရုံးမှ ယခုလ ၁၈ရက်နေ့က ထုတ်ပြန်သော ကြေညာချက် တစ်ရပ်တွင် မာလာဝီ အကြပ်အတည်းကို မာရှယ်လော သက်တမ်းကုန်ဆုံးမည့် ဇူလိုင်လ ၂၂ရက်နေ့တွင် ဖြေရှင်းနိုင်မည် မဟုတ်ဟု သမ္မတ ဒူတာတယ်က ယူဆကြောင်း၊ ထို့ကြောင့် Mindanaoကျွန်း စသည့် ဒေသများတွင် ကျင့်သုံးနေသော မာရှယ်လောကို ယခုနှစ်ကုန်ပိုင်းအထိ ဆက်တိုးမြှင့် ကျင့်သုံးရန် လွှတ်တော်အား ပန်ကြားခဲ့ကြောင်း ပြောကြားသည်။

 

   Webradio