• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ စွမ်းအင် ဖွံ့ဖြိုးတိုးတက်မှုသည် သန့်စင်တွင်ကျယ်မှုကို အလေးထား

(GMT+08:00) 2017-07-14 18:25:33

ကမ္ဘာ့ ကျောက်မီးသွေး အသင်း အမှုဆောင် ဥက္ကဋ္ဌ Benjamin Sportonက ကျောက်မီးသွေးစိမ်းနှင့် ကျောက်မီးသွေးလျှပ်စစ် အဆောက်အအုံ၏ ကုန်ကျစရိတ် နည်းသည့်အားသာချက် တစ်နေ့တခြား သိသာထင်ရှားလာသောကြောင့် ၂၀၃၀ပြည့်နှစ် မတိုင်မီတွင် သဘာဝဓါတ်ငွေ့ကို အစားထိုးပြီး ကျောက်မီးသွေးသည် အရှေ့တောင်အာရှ ဒေသ၌ အရေးအကြီးဆုံး စွမ်းအင် ဖြစ်လာမည် ဖြစ်ကြောင်း  မကြာခင်က အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တွင် ပြောကြားသည်ဟု တရုတ်ပြည် စီးပွားရေး နေ့စဉ် သတင်းစာမှ သတင်းရရှိသည်။

အင်ဒိုနီးရှား ဘောဂဗေဒ ပညာရှင်များက အရှေ့တောင် အာရှ ဒေသတွင် ကျောက်မီးသွေး လျှပ်စစ်သည် အဓိက စွမ်းအင် အဖြစ် ရှိမည် ဖြစ်ပြီး မြန်ဆန်မြင့်မားစွာ ဖြတ်ကျော်နိုင်သည့် တိုးတက်မှု အကောင်အထည်ဖော် နိုင်မည် ဖြစ်ကြောင်း၊ သန့်စင်တွင်ကျယ်သော ကျောက်မီးသွေး လျှပ်စစ် လုပ်ငန်းရပ်များသည် အာဆီယံ စွမ်းအင် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု၏ အလေးထားချက် ဖြစ်မည် ဖြစ်ကြောင်း ယူဆကြသည်။

 

 

 

 

   Webradio