• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့တောင်အာရှ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခြေအနေ ဆိုးရွား

(GMT+08:00) 2017-06-29 15:48:55

ယခုနှစ် ဇွန်လ ၂၆ရက်နေ့သည် အကြိမ်၃၀မြောက် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ဖြစ်ကြောင်း၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို စသည့် ၄နိုင်ငံသည် ထိုနေ့က မူးယစ်ဆေးဝါး ဖျက်ဆီးခြင်း လှုပ်ရှားမှုများကို အသီးသီး ပြုလုပ်ရာ စုစုပေါင်း ကီလိုဂရမ် ၁သိန်း၂သောင်းရှိပြီး အမေရိကန် ဒေါ်လာ ၁ဘီလီယံဖိုးရှိသော မူးယစ်ဆေးဝါး များကို မီးရှို့ဖျက်ဆီးကာ ယမန်နှစ်ထက် ပိုများကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အားဖြည့်ဆောင်ရွက်သော်လည်း အရှေ့တောင်အာရှ၏ မူးယစ်ဆေးဝါး ပြန့်ပွားမှုနှင့် တိုက်ဖျက်ရေး အခြေအနေသည် ဆိုးရွားနေသေးကြောင်း တရုတ်ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

၂၆ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံသည် Ayutthayaပြည်နယ် Bang Pa-In စက်မှုဇုန်တွင် အမေရိကန် ဒေါ်လာ ၅၈၉သန်းဖိုးရှိသော မူးယစ်ဆေးဝါး ၉၃၂၁ကီလိုဂရမ် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ စားသောက်ကုန်နှင့် ဆေးဝါး ကြီးကြပ် ကွပ်ကဲရေး ဌာန ဌာနမှူး ဝမ်ချိုင်က ယခုနှစ်တွင် ထိုင်းနိုင်ငံက ဖမ်းဆီးပြီး ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါး ပမာဏသည် ၁၉၇၇ခုနှစ်ကထက် ၄၆ဆ တိုးလာကြောင်း ပြောကြားသည်။

မြန်မာ အစိုးရသည် ၂၆ရက်နေ့က ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးတွင် အတိုင်း အတာအကြီးမားဆုံးသော မူးယစ်ဆေးဝါး ဖျက်ဆီးခြင်း အခမ်းအနားကို ကျင်းပပြီး ကိုကင်း၊ ဘိန်းဖြူနှင့် အိုက်စ် အပါအဝင် စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၈၅သန်း ဖိုးရှိသော မူးယစ်ဆေးဝါးကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံတော် ဒုသမ္မတ ဦးမြင့်ဆွေက ယခုလ ၂၆ရက်နေ့က နေပြည်တော်တွင် သက်ဆိုင်ရာ လှုပ်ရှားမှုသို့ တက်ရောက်ရာ၌ မြန်မာ နိုင်ငံသည် ၂၀၁၄-၂၀၁၉ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၅နှစ်စီမံကိန်းကို လက်တွေ့ကျင့်သုံးနေကြောင်း ပြောကြား သည်။

   Webradio