• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာ ငြိမ်းချမ်းရေး ခက်ခဲသော ခြေလှမ်းတစ်လှမ်း လျှောက်လှမ်း

(GMT+08:00) 2017-05-31 15:28:13

ဒုတိယ အကြိမ်မြောက် မြန်မာ နိုင်ငံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ညီလာခံကို ယခုလ ၂၉ရက်နေ့က ကျင်းပပြီးစီးသွားကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် အစည်းအဝေးတွင် ရရှိခဲ့သော အကြီးဆုံး အောင်မြင်မှုမှာ ညီလာခံသို့ တက်ရောက်သူများ ပုဒ်မ ၃၇ခု ပါဝင်သော ပြည်ထောင်စု သဘောတူ စာချုပ်ကို ချုပ်ဆို ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ယင်းသဘောတူ စာချုပ်သည် ထာဝစဉ် ငြိမ်းချမ်းရေး အကာင်အ ထည်ဖော်ရန် အတွက် အနာဂတ်တွင် နောက်ဆုံး ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်ဆို ပြီး ဒီမိုကရေစီ ပြည်ထောင်စု စနစ် ကျင့်သုံးမည့် မြန်မာ နိုင်ငံ တည်ဆောက်ရေး အတွက် အခြေခံ အုတ်မြစ် ဖြစ်မည် ဖြစ်ကြောင်း၊ ၄င်းအောင်မြင်မှု ရရှိခြင်းကြောင့် ယခင်က အဆင် မပြေသည့် မြန်မာ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် လူအများသည် ယုံကြည်မှု ပြန်လည်ရရှိလာ ကြောင်း၊ သို့သော် ညီလာခံ ကျင်းပစဉ် အတွင်း ဆွေးနွေးရေး ဖြစ်စဉ်များသည် အလွန်ခက် ခဲကြောင်း၊ မူလအစီအစဉ်အတိုင်း ၄ရက်ကြာ ကျင်းပမည့် ညီလာခံကို ၅ရက်ကြာ ကျင်းပ ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

ယခုအကြိမ် ညီလာခံကို ယခုလ ၂၄ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း၊ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စသည်များမှ ကိုယ်စား လှယ် ၁၄၀၀ကျော် တက်ရောက်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ခေါင်းစဉ် ၅ခုနှင့် ပတ်သက်၍ အစုခွဲပြီး ဆွေးနွေးခဲ့ကြကြောင်း၊ လုံခြုံရေး မှလွဲ၍ ဘက်အသီးသီးမှ ကိုယ်စားလှယ်များသည် အခြားခေါင်းစဉ် ၄ခုနှင့် ပတ် သက်၍ ပုဒ်မ ၄၅ခု ပါဝင်သော သဘောတူ စာချုပ် မူကြမ်းကို တင်ပြခဲ့ကြောင်း၊ နောက်ဆုံး တွင် ပုဒ်မ ၃၇ခုနှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

   မြန်မာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ ပိတ်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ စာချုပ်ချုပ်ဆိုခြင်းသည် မြန်မာ နိုင်ငံ အနေနှင့် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖော်ခြင်းနှင့် ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကျင့်သုံးသည့် နိုင်ငံ တည်ဆောက်ရေး လမ်းကြောင်းပေါ် အရေးကြီး သည့်ခြေလှမ်းတစ်လှမ်းကို လျှောက်လှမ်းခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

   Webradio