• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကျန်းဒယ်ကျန်းသည်၊ ဖိလစ်ပိုင်အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2017-05-22 13:30:27

      တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျန်းဒယ်ကျန်း သည်၊ ယခုလ ၁၉ ရက်နေ့က ပီကင်းပြည်သူ့ခန်းမဆောင်ကြီးတွင် ဖိလစ်ပိုင်အောက်လွှတ် တော်ဥက္ကဋ္ဌ  Pantaleon Alvarez နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

ကျန်းဒယ်ကျန်းက၊ ယမန်နှစ်က သမ္မတ တူဒါတေးသည်၊ တရုတ်ပြည်တွင် အောင်မြင် စွာ ခရီးလှည့်လည်ခဲ့ရာ၊  တရုတ်-ဖိလစ်ပိုင်ဆက်ဆံမှုကောင်းမွန်စေရေး၊ ဖွံ့ဖြိုးရေးနှင့် စပ်လျဉ်း၍ ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် အရေးကြီးသော သဘောတူညီမှုရရှိခဲ့ပြီး၊ နှစ်နိုင်ငံ ဆက်ဆံမှုဘက်စုံကောင်းမွန်လာခဲ့ကြောင်း၊ ပြီးခဲ့သည့်ရက်များက၊ ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုထိပ်သီးဖိုရမ်တွင် သမ္မတ တူဒါတေးနှင့် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးပြီး၊ နှစ်နိုင်ငံဆက်ဆံမှုရှေ့အလားအလာနှင့် ပတ်သက်၍ အရေးကြီးသဘောတူညီမှုရရှိခဲ့ကြောင်း ပြောကြာခဲ့သည်ဟု သိရသည်။

   Webradio