• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ထိပ်သီး ဖိုရမ်၏ အောင်မြင်မှုများ စင်ကာပူ ပညာရှင်များ လေ့လာ

(GMT+08:00) 2017-05-18 14:41:35

ရှေးဟောင်းအချိန်မှစ၍ စင်ကာပူသည် ပင်လယ်ပြင် ပိုးလမ်းမကြီးက အရေးကြီး ကျားကန်ပေးချက် တစ်ခုဖြစ်ကြောင်း၊ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် ရေးထိပ်သီး ဖိုရမ် ကျင်းပခြင်း အပေါ် စင်ကာပူ နိုင်ငံ အလွှာပေါင်းစုံ၊ အထူးသဖြင့် ပညာရှင်များသည် အာရုံစိုက်နေကြကြောင်း၊ ၄င်းတို့သည် ယခုအကြိမ် ထိပ်သီးဖိုရမ်တွင် ရရှိသော အောင်မြင်မှုများ အပေါ် လေ့လာနေကြကြောင်း စီအာအိုင်က ရေးသား ဖော်ပြသည်။

စင်ကာပူ အမျိုးသား တက္ကသိုလ် တရားဥပဒေ ပညာ အကယ်ဒမီ ဒုပါမောက္ခ ဝမ်ကျန်းယွီက ယခုအကြိမ် ထိပ်သီးဖိုရမ် ကျင်းပခြင်းသည် Belt and Road အဆိုပြုချက်ကို တွန်းအားပေးရန်နှင့် အကောင်အထည်ဖော်ရန် တရုတ်ပြည်၏ ဆောင်ရွက်နိုင်စွမ်းနှင့် စိတ်ပိုင်းဖြတ်မှုကို ပြသနေကြောင်း ပြောကြားသည်။ ထို့အပြင်၊ ၄င်းက Belt and Road အဆိုပြုချက်သည် ပွင့်လင်းသော ပလက်ဖောင်း တစ်ခု ဖြစ်ကြောင်း၊ တရုတ်ပြည်သည် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သော်လည်း ၄င်း၏ လိုအင်ဆန္ဒကို အခြားနိုင်ငံများအား အတင်းအကျပ်ပေးမည် မဟုတ်ကြောင်း ပြောကြားသည်။

စင်ကာပူ နန်ယန် နည်းပညာ တက္ကသိုလ်(NTU)ရာဂျာရတ်နမ် နိုင်ငံတကာ ဆက်ဆံမှု သုတေသနဌာန (RSIS) သုတေသီ ဟူယိစန်းက တရုတ်ပြည်သည် ပွင့်လင်းသော သဘောထားဖြင့် ယနေ့ခေတ်ရေစီးကြောင်းကို ဦးဆောင်နေကြောင်း၊ လက်ရှိအချိန်က ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ပြန်လည် ဦးမော့လာနေသည့် အခြေအနေ မျိုးတွင် တရုတ်ပြည်၏ ယင်းဆောင်ရွက်မှုသည် အထူး အရေးကြီးကြောင်းလည်း ပြောကြားသည်။

   Webradio