• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ထိပ်သီး ဖိုရမ်၏ အောင်မြင်မှုများ ရုရှား များစွာ ချီးကျူး

(GMT+08:00) 2017-05-18 14:40:35

မကြာခင်ရက်များက Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်မှ အောင်မြင်မှုများ အပေါ် ရုရှားတွင် ကျယ်ပြန့်သော အာရုံစိုက်မှု ရှိကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်သို့ တက်ရောက် စဉ်အတွင်း ရုရှား သမ္မတ ပူတင်က ရုရှား အနေနှင့် Belt and Road အဆိုပြုချက်ကို အားပေးထောက်ခံပြီး ၄င်းအဆိုပြုချက်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း လည်းပြောကြားသည်။

ရုရှား နိုင်ငံတကာ ရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဟောင်း Igor Ivanovက ၄င်းထိပ်သီးဖိုရမ်၏ အောင်မြင်မှုနှင့် ပတ်သက်၍ ပြောကြားရာတွင် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်သို့ သမ္မတ ပူတင် တက်ရောက်ပြီး တရုတ် နိုင်ငံတော် ထိပ်သီခေါင်းဆောင်နှင့် တွေ့ဆုံ ဆွေးနွေးခြင်းသည် ရုရှား-တရုတ် ဆက်ဆံမှုနှင့် ဥရောပ၊အာရှ ဒေသများ၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးကြောင်း ပြောကြားသည်။

ရုရှား ပညာရှင်များက ၄င်းဖိုရမ်တွင် မိန့်ခွန်းပြောကြားရာ၌ Belt and Road တည်ဆောက်ရေး တွန်းအားပေးခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော လက်တွေ့ကျသည့် ဆောင်ရွက်ချက်များနှင့် Belt and Road အဆိုပြုချက်၏ ကောင်းမွန်သော ရှေ့အလားအလာ အပေါ် များစွာ ချီးကျူးကြောင်း၊ Belt and Road အဆိုပြုချက်သည် ဥရောပနှင့် အာရှ နိုင်ငံများ အတွက် ဒေသတွင်း တပြေးညီ ဖြစ်စေရေး ဖြစ်စဉ် ပါဝင်ဆောင်ရွက်ရေးတွင် ပိုမိုများပြားသည့် အခွင့်အလမ်းများ ဆောင်ကြဉ်းလာ မည်ဟု ယူဆကြကြောင်း ပြောကြားသည်။

 

   Webradio