တရုတ်နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် လျူယန်တုန်းသည်၊ ယခုလ ၁၆ ရက်နေ့ ညနေပိုင်းက ပီကင်းတွင် ကုလသမဂ္ဂ ကလေးသူငယ်ရံပုံငွေအဖွဲ့ အမှုဆောင်ဥက္ကဋ္ဌ Anthony Lake၊ ကုလသမဂ္ဂ လူဦးရေရံပုံငွေအဖွဲ့ အမှုဆောင်ဥက္ကဋ္ဌ Babatunde Osotimehinနှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်သို့ Lake နှင့် Osotimehinတို့ တက်ရောက်ခြင်းအပေါ် လျူယန်တုန်းက ကြိုဆိုပါကြောင်းဖော်ပြသည့် အပြင်၊ ကလေးသူငယ်ရံပုံငွေအဖွဲ့နှင့် လူဦးရေရံပုံငွေအဖွဲ့တို့အနေနှင့်၊ တရုတ်အစိုးရနှင့် လက်တွေ့ကျသော ရေရှည်ပူးပေါင်းဆောင်ရွက်ရေးအပေါ် တန်ဖိုးထားချီးကျူခဲ့ကြောင်း သတင်းအရသိရသည်။
热评话题