• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊ မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

(GMT+08:00) 2017-05-17 15:07:25

      တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယခုလ ၁၆ ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် Belt  and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီး ဖိုရမ်သို့ တက်ရောက်နေသည့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရသည်။

 

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် လီခေ့ချန်က၊ နှစ်ဖက်တို့အနေနှင့်၊ စီးပွားရေးအထူးဇုံ၊ ရေနံ၊သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ဆိပ်ကမ်းအပါအဝင်လုပ်ငန်းအစီအစဉ်ကြီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တည်ငြိမ်စွာ တွန်းအားပေးရန်၊ မြစ်ဆုံလျှပ်စစ်ပြဿနာကို သင့်လျှော်စွာ ကိုင်တွယ်ဖြေရှင်းရန်နှင့်  ပူးပေါင်းဆောင်ရွက်ရေးရည်မှန်းချက် အကောင် အထည်ဖော်ရေးအတွက်ရှေ့ဆောင်ညွှန်ပြရန် တရုတ်ပြည်က မျှော်လင့်ပါကြောင်းပြော ကြားခဲ့သည်။ ဆက်လက်၍၊ လီခေ့ချန်က၊ တရုတ်ပြည်အနေနှင့်၊ မြန်မာမြောက်ပိုင်းဒေသ အပစ်အခတ်များကို ဆောလျင်စွာရပ်စဲပြီး၊ တရုတ်-မြန်မာနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိရောက်တိကျစွာ အာမခံပေးရန် မျှော် လင့်ပါကြောင်း ပြောကြားခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်က၊ မြန်မာ-တရုတ်ချစ်ကြည်ရေးမှာ သမိုင်းသက်တမ်းကြာမြင့် ကြောင်း၊ တရုတ်ပြည်နှင့် ဆက်ဆံမှုအပေါ် မြန်မာပြည်က အလွန်အလေးထားပြီး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးရှေ့အလားအလာအပေါ် မျှော်လင့်ချက်အပြည့်အဝရှိကာ၊ စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးကို တစ်ဆင့်တက် အားသစ် လောင်းပေးရန် ဆန္ဒရှိကြောင်းပြောကြားခဲ့သည်ဟုသတင်းအရသိရသည်။

 

   Webradio