• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် အာဆီယံ၏ Belt and Road တည်ဆောက်ရေး အောင်မြင်မှုများ ရရှိ

(GMT+08:00) 2017-05-16 17:38:06

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် မကျင်းပခင်နှင့် ကျင်းပစဉ်အတွင်း နိုင်ငံများစွာမှ အစိုးရများ၊ ဒေသများနှင့် ကုမ္ပဏီများအကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု ရရှိပြီး လက်တွေ့ကျသော အောင်မြင်မှုများ ရရှိခဲ့ ကြောင်း၊ မူဝါဒ ချမှတ်ရေး ဆိုင်ရာ ကူးလူးဖလှယ်ရေး၊ အခြေခံ အဆောက်အအုံတည် ဆောက်ရေး ဆိုင်ရာ ဆက်သွယ်ရေး၊ ကုန်သွယ်မှု အဆင်ပြေစေရေး၊ ငွေကြေး ရောင်းဝယ်မှု၊ နိုင်ငံများမှ ပြည်သူများ အကြား အပြန်အလှန် သိရှိနားလည်မှု တိုးပွားစေရေး ပါဝင်ပြီး စုစုပေါင်း ၂၇၀ကျော် ရှိကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

တရုတ်ပြည်နှင့် အာဆီယံ နိုင်ငံများ အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက် ရေးအောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း သိရသည်။ မဟာဗျူဟာ ညီညွတ်စေရေး တွန်းအားပေးခြင်းနှင့် မူဝါဒ ချမှတ်ရေး ဆိုင်ရာ နွေးထွေးသော ဆက်ဆံမှု ဆောင်ရွက်ခြင်း နယ်ပယ်တွင် တရုတ်ပြည်နှင့် အရှေ့တီမော၊ စင်ကာပူ၊ မြန်မာ၊ မလေးရှား နိုင်ငံများသည် အစိုးရချင်း Belt and Road ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ချုပ်ဆိုပြီး လာအို၊ ကမ္ဘောဒီးယားတို့သည် Belt and Road အတူ တည်ဆောက်ရေး ဆိုင်ရာ အစိုးရချင်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းကိုလည်း ချမှတ်ခဲ့ကြကြောင်း သိရသည်။

လုပ်ငန်းရပ် ပူးပေါင်းဆောင်ရွက်မှု ဇောက်ချပြုလုပ်ရေးနှင့်  အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဆိုင်ရာ ဆက်သွယ်မှု တိုးမြှင့်ရေးနယ်ပယ်တွင် တရုတ်ပြည်သည် ထိုင်းနိုင်ငံနှင့် နျူကလီးယား စွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေး ဆိုင်ရာ အစိုးရချင်း သဘောတူ စာချုပ်ကို ချုပ်ဆိုပြီး မလေးရှား အစိုးရနှင့် ရေအရင်းအမြစ် နားလည်မှု စာချွန်လွှာကို ချုပ်ဆိုခဲ့ကြောင်း၊ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနသည် ကမ္ဘောဒီးယား အများပြည်သူ လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် အခြေခံ အဆောက်အအုံ ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို ချုပ်ဆိုခဲ့ကြောင်း၊ တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနသည် ကမ္ဘောဒီးယား၊ မြန်မာ အပါအဝင် နိုင်ငံများမှ သက်ဆိုင်ရာ ဌာနများသည် Belt and Road လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။

လုပ်ငန်းရင်းနှီးမြှုပ်နှံမှု တိုးချဲ့ခြင်းနှင့် ကုန်သွယ်မှု အဆင်ပြေစေရေး နယ်ပယ်တွင် တရုတ် အစိုးရသည် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မြန်မာ အပါအဝင် နိုင်ငံ ၃၀မှ အစိုးရများနှင့် စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။

ငွေကြေးပူးပေါင်းဆောင်ရွက်မှုနှင့် ငွေကြေးရောင်းဝယ်မှု တိုးမြှင့်ရေး နယ်ပယ်တွင် တရုတ် အမျိုးသား ဖွံ့ဖြိုးရေးဘဏ်သည် ဖိလစ်ပိုင် မြို့တော်ဘဏ်၊ ကမ္ဘောဒီးယား Canadiaဘဏ်၊ မလေးရှားနိုင်ငံ မလေးရှားဘဏ်နှင့် ငွေရင်းဆွဲဆောင်ရေး ပူးပေါင်းဆောင် ရွက်မှုများပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

   Webradio