• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and road စီမံကိန်းသည် မြန်မာနိုင်ငံအတွက် များစွာအကျိုးရှိနိုင်ဟု မြန်မာနိုင်ငံဆားလင်းကြီး မြို့နယ်မှ တောင်သူတစ်ဦးကမျှော်လင့်

(GMT+08:00) 2017-05-16 10:59:30

"အခုဖိုရမ်ကြီးကိုတက်ရောက်ခွင့်ရပြီး နိုင်ငံတကာခေါင်းဆောင်တွေနှင့် တွေ့ဆုံနှုတ်ဆက်ခွင့်ရသည့်အတွက် များစွာဝမ်းသာမိကြောင်း" ကိုထွန်းထွန်းကပြောပါသည်။ ကိုထွန်းထွန်းသည် OBORဖိုရမ်ကြီးကိုလေ့လာသူအဖြစ် တက်ရောက်ခွင့်၇ခဲ့သည့် မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကြီးဆားလင်းကြီးမြို့နယ် ရွေ့ပြောင်းရွာသစ်ဝက်မှေးကန်တောကျေးရွာမှ ဒေသခံတောင်သူတစ်ဦးဖြစ်ပါသည်။ OBOR ဖိုရမ်ကြီးကိုတော့ မေလ (၁၄)၇က်နေ့ကနေ (၁၅)၇က်နေအထိ ပီကင်းမြို့မှာကျင်းပခဲ့ပြီး အဆိုပါဖိုရမ်ကြီးသို့ နိုင်ငံတကာထိပ်သီးခေါင်းဆောင်များနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြကြောင်းသိရပါသည်။

 BELT AND  ROAD စီမံချက်တွင် မြန်မာနိုင်ငံဟာစီးပွားရေးလမ်းမကြီးအတွက် များစွာအရေးပါလှတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဒီစီမံကိန်းတွင် မြန်မာနိုင်ငံက ပါဝင်ဆောင်ရွက်နိုင်မည်ဆိုရင် ပြည်သူတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ရရှိလာမည်ဖြစ်သလိုလိုအပ်နေတဲ့ နည်းပညာပိုင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေပါ ရရှိလာနိုင်မည်ဖြစ်ပါသည်။ ဒီလိုဆောင်ရွက်ခြင်းဖြင့်လည်း ဒီစီမံကိန်းမှာပါဝင်ဆောင်ရန်သဘောတူထားသည့် အခြားနိုင်ငံတွေလိုစီးပွားရေးဈေးကွက်ထိခိုက်နိုင် စရာမရှိဘဲပိုပြီးဈေးကွက်ပွင့်လာနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူများကဆိုထားပါသည်။

ကိုထွန်းထွန်းကတော့ " ဒီစီမံကိန်းနှင့်ပတ်သက်ပြီးအများကြီးမျော်လင့်ထားကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ပါဝင်ဆောင်ရွက်နိုင်မည်ဆိုရင်ဖြင့် နည်းပညာပိုင်း၊ စီးပွားရေးပိုင်းတွေတွင် နိုင်ငံတကာနှင့်အပြိုင်တိုးတက်လာနိုင်ကြောင်း၊ ဒီစီမံချက်ကြောင့်ပေါ်ထွက်လာမည့် နိုင်ငံတကာရင်းနှီးမြှပ်နှံသူတွေအနေနဲ့လည်းဒေသရဲ့ ပညာရေးပိုင်း၊ ကျန်းမာရေးပိုင်းတွေကို ဖြည့်ဆည်းပေးစေလိုကြောင်း"သူ့ရဲ့ အမြင်ကိုပြောပါသည်။

ဒီ Belt and road စီမံကိန်းကိုတော့  တရုတ်နိုင်ငံတော်ဥက္ကဌရှီကျင့်ဖိန်က ၂၀၁၃ခုနှစ်မှာအရှေ့တောင်အာရှနိုင်ငံတွေကိုချစ်ကြည်ရေးသွားရောက်လည်ပတ်ခိုက်တွင် ကမ္ဘာကိုရှင်းလင်းချပြခဲ့ခြင်း ဖြစ်ပါသည်။ ဒီအစီအစဉ်ဟာ ယခင်က ကုန်သွယ်ရေးပြုလုပ်ခဲ့သည့် လမ်းကြောင်းတွေကိုကုန်းလမ်းမကြီး၊ ပင်လယ်လမ်းမကြီးအဖြစ် ပြန်လည်ဖော်ထုတ်ပြီး ဒီလမ်းကြောင်းတစ်လျှောက်က နိုင်ငံတွေ အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို များစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်းသိရပါသည်။ ယခုကျင်းပမည့် ဖိုရမ်ကြီးသည် ဒီစီမံကိန်းရဲ့ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပသည့် နိုင်ငံတကာထိပ်သီးဖိုရမ်ကြီးဖြစ်ကြောင်းသိရပါသည်။

   Webradio