![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ယခုလ ၁၅ ရက်နေ့က ပီကင်း၌ ကျင်းပ ပြီးစီးခဲ့သည်။ ပြည်တွင်းပြည်ပ သတင်းထောက်များနှင့် တွေ့ဆုံ ရာတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ ယခုအကြိမ် ဖိုရမ်သည် ဘက်အသီးသီးတို့၏ သဘောတူညီမှုများကို စုစည်းပြီး Belt and Road တည်ဆောက်မှု နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဦးတည်ချက်ကို ညွှန်ပြလိုက်ကြောင်း၊ လုပ်ငန်းစဉ် စီမံကိန်းများကို ချမှတ်ပြီး ဘက်အသီးသီးတို့ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လက်တွဲ တွန်းအားပေးရန်နှင့် လူသား ကံကြမ္မာ အသိုက်အဝန်း လက်တွဲ ထူထောင်ရန် ဖြစ်သည့် အပြုသဘောဆောင်သော အချက်များကို ပြသ နေကြောင်း၊ တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ဒုတိယအကြိမ် Belt and Road နိုင်ငံတကာ ထိပ်သီးဖိုရမ်ကို ကျင်းပမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နှစ်ရက်ကြာ ကျင်းပခဲ့သော ယခုအကြိမ် ဖိုရမ်တွင် ပြည်တွင်းပြည်ပမှ ဧည့်သည်တော် ၁၅၀၀ ကျော်တို့သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးခြင်း၊ Belt and Road ကို လက်တွဲ တည်ဆောက်ခြင်းနှင့် အပြန်အလှန် အကျိုးရှိစေရေး ဖွံ့ဖြိုးတိုးတက်မှု ဖေါ်ဆောင်ခြင်း ဖြစ်သည့် ဆောင်ပုဒ်နှင့်ပတ်သက်ပြီး လေးနက်စွာ တိုင်ပင် ဆွေးနွေး ခဲ့ကြကြောင်း၊ ၁၅ ရက်နေ့က ကျင်းပသော စားပွဲဝိုင်း ထိပ်သီး အစည်းအဝေးတွင် နိုင်ငံအသီးသီးမှ ခေါင်းဆောင်နှင့် နိုင်ငံတကာ အဖွဲ့အစည်းမှ ခေါင်းဆောင် ၃၀ ဦးတို့သည် မူဝါဒနှင့် ဖွံ့ဖြိုးရေး မဟာဗျူဟာများ ဆက်နွှယ်မှု တွန်းအားပေးရေးနှင့် မိတ်ဖက် ဆက်ဆံမှု နက်ရှိုင်းစေရေး၊ အပြန်အလှန် ဆက်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရေးနှင့် ပတ်သက်ပြီး သဘောတူညီမှုများကို ရရှိခဲ့ကြောင်း၊ အစည်းအဝေး အပြီးတွင် ပူးတွဲ ပြန်တမ်း တစ်ရပ်ကိုလည်း ထုတ်ပြန် ခဲ့ကြောင်း သတင်းရရှိပါသည်။