• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် Belt and Road ထိပ်သီးဖိုရမ် စားပွဲဝိုင်း အစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

(GMT+08:00) 2017-05-16 10:09:36

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်၏ စားပွဲဝိုင်း ထိပ်သီး အစည်းအဝေးကို ယခုလ ၁၅ ရက်နေ့က ပီကင်း ယန်ချီ ရေကန် နိုင်ငံတကာ အစည်းအဝေး စင်တာ၌ ကျင်းပခဲ့ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူး ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်က အစည်းအဝေး၌ မိန့်ခွန်း ပြောကြားရာတွင်၊ နိုင်ငံ အသီးသီးတို့သည် မူဝါဒများ ညှိနိုင်းရေး၊ ဖွံ့ဖြိုးရေး မဟာဗျူဟာ ဆက်နွယ်မှုကို တွန်းအားပေးရေး၊ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးကို အားဖြည့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio