• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road တည်ဆောက်ရန်မှာ အနာဂတ်ကို ရှေးရှုသော မှန်ကန်သော ရွေးချယ်ချက် ဖြစ်သည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2017-05-15 15:21:35

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်ကို ယခုလ ၁၄ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့ကြောင်း၊ ဧည့်သည်တော်များအား ကြိုဆိုသည့် အနေနှင့် ၁၄ ရက်နေ့ညက တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညစာစားပွဲကို ပြုလုပ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်သည် ညစာစားပွဲ၌ မိန့်ခွန်းပြောကြားရာတွင်၊ Belt and Road တည်ဆောက်ခြင်းသည် လူသား၏ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးအပေါ် စောင့်မျှော်ရန်၊ ငြိမ်းချမ်းတည်ငြိမ်ရေးကို မျှော်လင့်ရန်၊ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးကို လိုက်စားရန်နှင့် သာယာလှပသော ဘဝကို လိုလားရန်တို့ကို ပြသနေကြောင်း၊ Belt and Road တည်ဆောက်ရေးကို အတူ တိုင်ပင်ဆွေးနွေးခြင်းသည် သမိုင်း ရေစီးကြောင်း ဖြစ်ပြီး အနာဂတ်ကို ရှေးရှုသော မှန်ကန်သော ရွေးချယ်ချက်ပင် ဖြစ်ကြောင်း ပြောကြား ပါသည်။

ရှီကျင့်ဖိန်က၊ ၁၅ ရက်နေ့တွင် ယန်ချီ ရေကန်၌ ကျင်းပမည့် စားပွဲဝိုင်း ထိပ်သီး အစည်းအဝေးတွင် Belt and Road တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို လက်တွဲ ရေးဆွဲချမှတ်မည် ဖြစ်ကြောင်း၊ မိမိတို့၏ လုပ်ငန်းသည် ပိုးလမ်းမကြီးလို အဓွန့်ရှည်မည် ဖြစ်ပြီး နောင်လာနောက်သားများ အကျိုးစီးပွါး ခံစားစေမည်ဟု ယုံကြည် ပါကြောင်း ပြောကြားပါသည်။

ရုရှား သမ္မတ ပူတင်၊ အင်ဒိုနီးရှား သမ္မတ ကျိုကို၊ ဖိလစ်ပိုင် သမ္မတ ဒူတာတေး၊ လာအို နိုင်ငံတော် ဥက္ကဋ္ဌ ပွန်ယန် စသည့် နိုင်ငံ အသီးသီးမှ ထိပ်သီးခေါင်းဆောင်များ အပါအဝင် ဧည့်သည်တော် ၇၀၀ ကျော်တို့သည် ညစာစားပွဲသို့ တက်ရောက် ခဲ့ကြပါသည်။

   Webradio