![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
Belt and Roadနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်ကို ယခုလ ၁၄ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ အင်ဒိုနီးရှား သမ္မတ ကျိုကို၊ ဖိလစ်ပိုင် သမ္မတ ဒူတာတယ်၊ လာအို နိုင်ငံတော် ဥက္ကဋ္ဌ Boungnang Vorachith၊ ဗီယက်နမ် နိုင်ငံတော် ဥက္ကဋ္ဌ ချန်ဒေကွမ်၊ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်ဆင်၊ မလေးရှား ဝန်ကြီးချုပ် နာဂျစ်၊ မြန်မာ နိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များသည် ၄င်းဖိုရမ်သို့ တက်ရောက်ကြကြောင်း၊ Belt and Roadအဆိုပြုချက်နှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများမှ အရာရှိနှင့် မီဒီယာများက ၄င်းအဆိုပြုနှင့် ညီညွတ်စေရေးသည် အာဆီယံ တပြေးညီ ဖြစ်စေရေးနှင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး အရှိန်မြှင့် တွန်းအားပေးရန် အတွက် အထောက်အကူ ဖြစ်ကြောင်း ပြောကြားသည်ဟု ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။