• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ငြိမ်းချမ်းပြီး ပူးပေါင်းဆောင်ရွက်သောကမ္ဘာကြီးကို တည်ဆောက်ရေးသည် Belt and Road စိတ်ဓာတ်ဖြစ်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ဆို

(GMT+08:00) 2017-05-15 14:04:06

        ယခုလ ၁၄ ရက်နေ့က ပီကင်းမြို့၌ ကျင်းပခဲ့သော Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်၌ ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်ဖ်က ငြိမ်ချမ်းပြီး ပူးပေါင်းဆောင်ရွက်သော ကမ္ဘာကြီးကို တည်ဆောက်ရေးသည် Belt and Road အဆိုပြုချက်၏ စိတ်ဓာတ်ပင်ဖြစ်ကြောင်း ပြောကြားသည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

        ထိုနေ့က ကျင်းပခဲ့သော အဆင့်မြင့် မျက်နှာစုံညီအစည်းအဝေးတွင် ရှာရစ်ဖ်က Belt and Road အဆိုပြုချက်သည် တိုက်ကြီးများ ဖြတ်ကျော်သော အဆိုပြုချက်ဖြစ်ပြီး စွမ်းအင်၊ အခြေခံအဆောက်အဦ၊ ကုန်သွယ်မှုစသည့် နယ်ပယ်များ ပါဝင်ကြောင်း၊ ယင်းသည် စီးပွားရေးအုပ်စုများအကြား ပိုမို ရင်းနှီးစေပြီး အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ကာ မကြုံစဖူး ဖွံ့ဖြိုးတိုးတက်မှုကို လက်တွဲ အကောင်အထည်ဖော် ဆောင်စေနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio