• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် ပူတင် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2017-05-15 14:03:35

        ယခုလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ပီကင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်လာသော ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        လီခေ့ချန်က မျက်မှောက်အချိန်တွင် တရုတ်-ရုရှား ဘက်စုံ မဟာဗျူဟာ မိတ်ဘက်ဆက်ဆံမှုသည် ဆက်လက် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း၊  ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်၏ ဆွေ့ဆုံဆွေးနွေးမှုတွင် အောင်ကျိုးရလဒ်များရရှိပြီး သဘောတူညီမှုသစ်များ ရရှိခဲ့ကြောင်း၊ တရုတ်ပြည်ဘက်သည် နှစ်နိုင်ငံအကြား ငွေကြေး၊ ဒေသန္တရ၊ လယ်ယာစိုက်ပျိုးရေး၊ စွမ်းအင်၊ အရပ်ဘက်လေကြောင်းစသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုများပြားသော အောင်ကျိုးရလဒ်များ ရရှိနိုင်ရန် တွန်းအားပေးလိုကြောင်း ပြောကြားသည်။

   Webradio