• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ အင်ဒို သမ္မတ ဂျိုကိုနှင့်တွေ့ဆုံ

(GMT+08:00) 2017-05-15 10:58:01

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်၊ ၁၄ ရက်နေ့က ပီကင်းပြည်သူ့ခန်းမဆောင် ကြီးတွင်၊  Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုထိပ်သီးဖိုရမ်သို့ တက်ရောက်သည့် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း တရုတ် သတင်းဌာနမှ သတင်းကို ကိုးကား၍ စီအာအိုင်ကဖော်ပြသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က နှစ်နိုင်ငံဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံမှု အဆင့်သစ်သို့ အဆက်မပြတ်တွန်းအားပေးရေးအတွက်၊ နှစ်ဖက်တို့အနေနှင့်၊ ခေါင်းဆောင်တို့အကြား ပေါင်းသင်းဆက်ဆံမှုကို ထိန်းထားပြီး၊ အဆင့်မြင့်ဆွေးနွေးမှုနှင့် ကူးလူးဖလှယ်မှုစနစ်ကို ကောင်းမွန်စွာအသုံးပြုကာ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တိုးပွားစေရန်လိုကြောင်း အလေးထား ပြောကြားခဲ့သည်။

သမ္မတဂျိုကိုက အင်ဒိုနီးရှားက၊ တရုတ်ပြည်၏ Belt and Road အဆိုပြုချက်နှင့် ယင်းဖိုရမ်ကျင်းပခြင်းအပေါ် တန်းဖိုထားချီးကျူးပြီး၊ Belt and Road တည်ဆောက်ခြင်း သည်၊ အင်ဒို-တရုတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ပိုမိုများပြားသော အခွင့် အလမ်းများဆောင်ကြဉ်းလာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်။

                                      

   Webradio