• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ် မူဝါဒ ကူးလူးဆက်ဆံမှု ဆိုင်ရာ အစည်းအဝေးကျင်းပ

(GMT+08:00) 2017-05-15 10:55:49

      ယခုလ ၁၄ ရက်နေ့ညနေပိုင်းက ကျင်းပသည့် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ် မူဝါဒ ကူးလူးဆက်ဆံမှု ဆိုင်ရာ အစည်းအဝေးတွင်၊ အစည်းအဝေးတက်ရောက်သူများသည်၊ နိုင်ငံ ၁၈ နိုင်ငံ၊ နိုင်ငံတကာအဖွဲ့အစည်း ၈ ခု နှင့် သက်ဆိုင်သော နှစ်ဖက်၊ဘက်စုံနှင့်လုပ်ငန်းကုမ္ပဏီများပူးပေါင်း ဆောင်ရွက်ရေးအစီအစဉ် စာချုပ်၃၂ ခုကို ချုပ်ဆိုခဲ့ကြကြောင်းဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ယင်းအကြိမ် အစည်းအဝေးကို တရုတ်နိုင်ငံတော်ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်နှင့် နိုင်ငံတော်ကောင်စီဖွံ့ဖြိုးရေးသုတေသနစင်တာတို့မှ ဦးစီးကျင်းပပြီး၊ နိုင်ငံ ၇၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၄၀ ကျော်မှ ကိုယ်စားလှယ် ၃၆၀ ဦးခန့်ပါဝင်ခဲ့ကြ သည်ဟုသိရသည်။

   Webradio