![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်ကို ပီကင်း၌ ကျင်းပ နေသည့် အခါ သမယတွင် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ အသီးသီးမှ သံအမတ်ကြီးများသည် စီအာအိုင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကိုယ့်နိုင်ငံ၏ ဆိုရိုးစကားများဖြင့် Belt and Road ပါ ပိုးလမ်းမကြီး စိတ်ဓါတ်ကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။
တရုတ်နိုင်ငံဆိုင်ရာ လာအို သံအမတ်ကြီး မူတာစာအွန်က၊ သစ်ပင် တစ်ပင်သာ ခြံစည်းရိုး မဖြစ် နိုင်သလို လူတစ်ယောက်တည်းသာလည်း စည်ပင်သာယာမှု ဖန်တီးနိုင်မည် မဟုတ်ဟု လာအို နိုင်တွင် ဆိုရိုးစကား ရှိကြောင်း၊ အားလုံးတို့ Belt and Road တည်ဆောက်ရေးတွင် တညီတညွတ်တည်း ပါဝင် မှသာ အကျိုးတူ စည်ပင်သာယာရေးကို ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။