• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ဖိုရမ် ဖွင့်လှစ် ရှီကျင့်ဖိန် မိန့်ခွန်း ပြောကြား

(GMT+08:00) 2017-05-14 09:37:27

ယခုလ ၁၄ ရက်နေ့ နံနက်ပိုင်းက Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အဆင့်မြင့်ဖိုရမ်ကို ပီကင်း၌ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးပြီး Belt and Road ကို လက်တွဲ တည်ဆောက်ကာ အပြန်အလှန် အကျိုးရှိစေရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖေါ်ဆောင်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံ ၂၉ နိုင်ငံမှ အစိုးရ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ စသည့် နိုင်ငံတကာ အဖွဲ့အစည်း ၇၀ ကျော်မှ တာဝန်ရှိပုဂ္ဂိုလ်များသည် ယခုအကြိမ် ဖိုရမ်သို့ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိပါသည်။

   Webradio