• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလ အထွေထွေ ညီလာခံ ဥက္ကဋ္ဌနှင့် ယန်ကျယ်ချီ တွေ့ဆုံ

(GMT+08:00) 2017-05-13 13:01:51

တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီသည် ယခုလ ၁၂ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်ရန် လာရောက်သော ၇၁ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဥက္ကဋ္ဌ Peter Thomsenနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ယန်ကျယ်ချီက တရုတ်ပြည်သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ လုပ်ငန်းများ အပေါ် ဆက်လက် ဘက်စုံ အားပေးထောက်ခံမည် ဖြစ်ကြောင်း ပြောကြားသည်။

Peter Thomsenက မိမိတို့ အနေနှင့် Belt and Road အဆိုပြုချက်ကို ထောက်ခံပြီး တရုတ်ပြည်နှင့် နွေးထွေးသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်လိုကြောင်း ပြောကြားသည်။

 

   Webradio