• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road တည်ဆောက်ရေးတွင် ဂျပန် တက်ကြွစွာ ပါဝင်သင့်ဟု ဂျပန် ပညာရှင်ဆို

(GMT+08:00) 2017-05-12 15:33:57

ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ဒါရိုက်တာချုပ် nikai toshihiroကို စေလွှတ်ပြီး ယခုလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့အထိ ပီကင်းတွင် ကျင်းပမည့် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်မည်ဟု ယခုလ ၄ရက်နေ့က ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းသည် Belt and Road အဆိုပြုချက် အပေါ် ယခင်က ပါဝင်ရန် ဆန္ဒပြင်းပြမှု မရှိသည့် ဂျပန်၏ သဘောထား ပြောင်းလဲနေပြီကို ဖော်ပြနေကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ဂျပန် ပညာရှင်များက nikai toshihiro၏ တရုတ် ခရီးစဉ် အပေါ် အကောင်းဘက်မှ မြင်ကြကြောင်း၊ ယခုအကြိမ် ခရီးစဉ်သည် တရုတ်-ဂျပန် ဆက်ဆံမှု ကောင်းမွန် လာစေရေးနှင့် နှစ်နိုင်ငံတို့ အနေနှင့် အာရှနှင့် ကမ္ဘာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လက်တွဲ တွန်းအားပေးရေး အခွင့်ကောင်း တစ်ခု ဖြစ်ရန် မျှော်လင့်ကြောင်း၊ ဂျပန် အနေနှင့် တရုတ်ပြည် တင်ပြထားသော Belt and Road အဆိုပြုချက်တွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်သင့်ကြောင်း ဖော်ပြသည်။

   Webradio