• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road ထိပ်သီးဖိုရမ်သို့ တက်ရောက်မည်ဟု နိုင်ငံတော်နှင့် အစိုးရ ထိပ်သီးခေါင်းဆောင် ၂၉ဦး အတည်ပြု

(GMT+08:00) 2017-05-12 15:32:05

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်ရွှမ်က မေလ ၁၁ရက်နေ့က ကျင်းပခဲ့သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ယခုအထိ နိုင်ငံတော်၊ အစိုးရ ထိပ်သီးခေါင်းဆောင် ၂၉ဦးနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အပါအဝင် အရေးကြီး နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ခံ ပုဂ္ဂိုလ် ၃ဦးတို့သည် ၁၄ရက်နေ့၌ ကျင်းပမည့် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သို့ တက်ရောက်မည်ဟု ပြောကြားကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထို့အပြင်၊ ၄င်းက နိုင်ငံ ၁၃၀ကျော်မှ အလွှာပေါင်းစုံမှ ဧည့်သည်တော် ၁၅၀၀ခန့်သည် တရားဝင် ကိုယ်စားလှယ်များ အဖြစ် ဖိုရမ်းသို့ တက်ရောက်မည် ဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ သတင်းထောက် ၄ထောင်ကျော်သည် ဖိုရမ်သို့ လာရောက်သတင်း ရယူမည် ဖြစ်ကြောင်း ပြောကြားသည်။

ယခုအကြိမ် ဖိုရမ်တွင် ဖွင့်ပွဲ အခမ်းအနား၊ စားပွဲဝိုင်း ထိပ်သီး အစည်းအဝေးနှင့် အဆင့်မြင့် အစည်းအဝေး ပါဝင်ကြောင်း သိရသည်။

 

   Webradio