• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road တည်ဆောက်ရေး အတွက် ပိုမိုများပြားသည့် ငွေကြေးဝန်ဆောင်မှု တရုတ်ပေးမည်

(GMT+08:00) 2017-05-12 15:30:41

Belt and Road အဆိုပြုချက်ကို တင်ပြခဲ့သည့် ၃နှစ်ကျော်တွင် တရုတ်ဘဏ် လုပ်ငန်းသည် Belt and Road၏ ငွေကြေး ရောင်းဝယ်မှုများကို တက်ကြွစွာ တွန်းအားပေးပြီး သက်ဆိုင်ရာ လုပ်ငန်းရပ်များ အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု များစွာပေးခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

မေလ ၁၁ရက်နေ့က တရုတ်ဘဏ်လုပ်ငန်းအသင်း ဒုဥက္ကဋ္ဌ ဖန်ကွမ်းဝေက ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းအထိ တရုတ်ဘဏ် ၉ခုသည် Belt and Roadတလျှောက်ရှိ ၂၆နိုင်ငံတွင် လုပ်ငန်းဌာန ၆၂ခုထားရှိခဲ့ကြောင်း ပြောကြားသည်။ ထို့အပြင်၊ Belt and Roadတလျှောက် ရှိ နိုင်ငံနှင့် ဒေသများမှ ဘဏ်လုပ်ငန်းဌာနများသည်လည်း တရုတ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လုပ်ကိုင်ပြီး ၂၀၁၆ခုနှစ် နှစ်ကုန် အထိ Belt and Roadတလျှောက်ရှိ နိုင်ငံ ၂၀မှ စီးပွားဖြစ်ဘဏ် ၅၄ခုသည် တရုတ်ပြည်တွင် ငွေကြေးလုပ်ငန်းဌာနများ ထားရှိခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နိုင်ငံဖြတ်ကျော် ငွေရင်းဆွဲဆောင်နိုင်စွမ်း တိုးမြှင့်ရေး အတွက် တရုတ်ဘဏ်များသည် ငွေချေးခြင်း ဆိုင်ရာ မူဝါဒနှင့် ဆောင်ရွက်ချက်များကို ချမှတ်ကျင့်သုံးခဲ့ကြောင်း၊ Syndicated Loan၊ လုပ်ငန်းဖောင်ဒေးရှင်း၊ ပြည်ပတွင် လုပ်ငန်းကန်ထရိုက်ယူခြင်း စသည့် ငွေကြေး နည်းလမ်းများဖြင့် ငွေထုတ်ချေးခြင်းကို လမ်းညွှန်ဦးဆောင်ကြောင်း၊ ၂၀၁၆ခုနှစ် အတွင်းပင် Belt and Roadတလျှောက်ရှိ နိုင်ငံများတွင် တရုတ်ပြည် ချုပ်ဆိုသည့် လုပ်ငန်း ကန်ထရိုက်စာချုပ် ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၂၆ဘီလီယံ ရှိပြီး Belt and Road တလျှောက်ရှိ နိုင်ငံများတွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၁၄့၅ဘီလီယံ ရှိကာ ကားလမ်း၊ မီးရထားလမ်း၊ ဆိပ်ကမ်း၊ လျှပ်စစ်ဓါတ်အားနှင့် ဆက်သွယ်ရေး စသည့် နယ်ပယ်များ ပါဝင်ကြောင်း သိရသည်။ ဖန်ကွမ်းဝေက ယင်းသည် ဘဏ်များမှ ငွေရင်းပံ့ပိုးပေးမှုနှင့် ခွဲမရကြောင်း ပြောကြားသည်။

   Webradio