• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ် ဟုန်ဆန်တက်ရောက်မည်

(GMT+08:00) 2017-05-11 10:41:21

     တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိန်ရွှန်က၊ တရုတ်နိုင်ငံတော ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်၏ ဖိတ်ကြားချက်အရ၊ ကမ္ဘောဒီးယားဘုရင့်နိုင်ငံ ဝန်ကြီးချုပ် ဟုန်ဆန်သည်၊ ပီကင်းတွင် ကျင်းပမည့် Belt and Road နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး ထိပ်သီး ဖိုရမ်သို့ တက်ရောက်မည်ဖြစ်ပြီး၊ မေလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ တရုတ်ပြည်တွင် တရားဝင်ခရီးလှည့်လည်မည်ဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ပီကင်းတွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ကြေညာခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရ သည်။

ယခုအကြိမ်တရုတ်ခရီးစဉ်အတောအတွင်း၊ ဝန်ကြီးချုပ် ဟုန်ဆန်သည်၊ Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးထိပ်သီးဖိုရမ်၏ အဓိကလှုပ်ရှားမှုတွင် ပါဝင်မည့် အပြင်၊ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ်လီခေ့ချန်အပါအဝင် တရုတ်နိုင်ငံ တော်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကိန်ရွှန်က ရှင်းလင်းပြောကြားခဲ့သည် ဟု သိရသည်။

   Webradio