• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် Belt and Road တလျှောက်ရှိ နိုင်ငံ ၂၀ နှင့် လွတ်လပ်သော ကုန်သွယ်ရေးဇုန်ကို တည်ဆောက်မည်

(GMT+08:00) 2017-05-11 10:34:07

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ချန်ကိုမင်က ယခုလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပတော့မည် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ် အတောအတွင်း တရုတ်ပြည်သည် Belt and Road တလျှောက်ရှိ နိုင်ငံနှင့်ဒေသ ၂၀ နှင့်အတူ လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေးကို တွန်းအားပေးကြမည်ဖြစ်ကြောင်း ယခုလ ၁၀ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        မျက်မှောက်အချိန်တွင် တရုတ်ပြည်သည် နိုင်ငံနှင့် ဒေသ ၂၂ ခုနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုပြီဖြစ်ကြောင်း၊ ၄င်းအနက် Belt and Road တလျှောက်ရှိ နိုင်ငံ ၁၁ နိုင်ငံ ပါရှိကြောင်း ချန်ကိုမင်က ထိုနေ့တွင် ကျင်းပသော နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio