• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Wetland မှ ကျနော်ရခဲ့တဲ့ အသိအမြင်တစ်ခု

(GMT+08:00) 2017-05-11 09:45:27

ဟိုပေပြည်နယ် Cangzhou မြို့မှာရှိတဲ့ wetlandလို့အမည်ပေးထားတဲ့ သဘာဝ ကျေးငှက်တို့စုဝေးကျက်စားရာနေရာဟာဆိုရင် မြင်ရသူအဖို့ စိတ်ချမ်းသာစရာ အလွန် ကောင်းလှပါသည်။ ကျနော်ကိုယ်တိုင်ပဲ ဒီ နယ်မြေထဲကိုရောက်သွားတော့ စိတ် အေးချမ်းမှုကို များစွာခံစားရပါသည်။  ကျယ်ဝန်းလှတဲ့ မြေဧရိယာ စိမ်းစိုနေတဲ့ သဘာဝ ပေါက်ပင်များနှင့် ကျေးငှက်စုံတို့ရဲ့ အသံတွေဟာ လာရောက်သူတို့ရဲ့  စိတ်နှလုံးကို ဆွတ်နူးစေတာတော့အမှန်ပါ။ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရာနှင့် အဓိက လုပ်ကိုင်ရာ ဒီလိုနေ၇ာမျိုးမှာ အခုစိမ်းစိုပြီး သာယာလှပတဲ့ နေရာတစ်ခုရှိနေ တယ်ဆိုတာ လွန်စွာ အံ့သြစရာကောင်းလှပါသည်။ ရေစပ်စပ်ရှိတဲ့ ကုန်းမြေတွေပေါ်မှာ မြက်ရိုင်း လို အပင်မျိုးတွေပေါက်ရောက်ရှင်သန်နေပြီး အဲဒီမြက်ရိုင်းပင်တွေနှင့် ရေအိုင်ငယ်လေး တွေမှာ ငှက်မျိုးစိတ်ပေါင်းစွာက ကျက်စားနေထိုင်ကြတယ်လို့သိရပါသည်။ တစ်နည်း ပြောရရင်တော့ ကျနောတို့ မြန်မာနိုင်ငံက အင်းလေကန်လိုမျိုးပါပဲ။ ဒါပေမယ့် မြန်မာ နိုင်ငံမှာရှိတဲ့ အင်းလေးကန်က ရေပြင်ကျယ်ပြီး အဲဒီေ၇ပြင်ကို အမှီပြုပြီး ကျေးဌက် တို့က ကျက်စားနေကြတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ အဲလိုမဟုတ်ပါ အင်းလေးကန်လို ရေပြင် အကျယ်ကြီးမရှိဘဲ ရေအိုင်ငယ်လေးတွေနှင့် စွတ်စိုနေတဲ့ ကုန်းမြေ တွေသာရှိပြီး အဲဒီစွတ်စိုနေတဲ့ ကုန်းမြေတွေပေါ်မှာပဲ ငှက်တွေက  နေထိုင်ကျက်စား နေကြတာဖြစ်ပါသည်။

ကျနော်လေ့လာသိရှိရသလောက်ကတော့ ဒီနေရာဟာ မြစ်နှစ်စင်းဆုံရာ မြစ်ဝှမ်းနေရာဖြစ် ပါတယ်။ ဧရိယာအကျယ်အ၀န်းကတော့ (၁၁)ဟတ်တာ ကျယ်ဝန်း တယ်လို့သိရပြီး နိုင်ငံတော်ပထမ အဆင့် ရှားပါးငှက်များစိတ် (၈)မျိုး၊ ဒုတိယ အဆင့်(၂၄)မျိုးနှင့် အခြားဌက်မျိုးစိတ် (၂၁၉)မျိုးကို ထိန်းသိမ်းထားရှိတယ်လို့ သိရပါတယ်။ နောက်ပြီး ဒီနေရာဟာ ဟိုပေပြည်နယ် ---တက္ကသိုလ်မှ ပထ၀ီဝင် ကျောင်းသားများရဲ့ သုတေသနစခန်းတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။ ဒီနေ၇ာမှာ ငှက်မျိုးစိတ်ပေါင်းများစွာထိန်းသိမ်းထားနိုင်တာဟာ အလွန်လေးစားဂုဏ်ယူစရာ ကောင်းလှပါသည်။

ကျနော်တို့မြန်မာနိုင်ငံနှင့်ယှဉ်ရင် မြန်မာနိုင်ငံက ဇီဝမျိုးစုံမျိုးကွဲများစွာရှိပေမယ့် ထိန်းသိမ်းမှု အပိုင်းမှာတော့ လွန်စွာအားနည်းလှပါတယ်။ ရှားပါးငှက်မျိုးစိတ်တွေ မြန်မာနိုင်ငံမှာ အများဆုံးတွေ့ရ လေ့ရှိပေမယ့် တကယ်တန်းထိန်းသိမ်းနိုင်မှုမရှိပါဘူး၊ သဘာဝတောင်ရိုင်းတိရိစ္ဆာန်ကျက်စား နယ်မြေတွေလည်း များစွာရှိပါတယ်။ ဒါတွေ ကိုသာ အခုတရုတ်နိုင်ငံ ဟိုပေပြည်နယ် Cangzhuoမြို့ က wetland လို သဘာဝ ငှက်မျိုးစုံထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်လုပ်ဆောင်ရင် များစွာ အကျိုးရှိမယ်လို့ ထင်မြင်မိပါတယ်။ အခုဒီနေရာကိုလည်း ကျနော်စိတ်ထဲမှာ အားကျအတုယူစိတ် တွေဖြစ်ခဲ့ရပါတယ်။

ဒီ Nan da စိုစွတ်သဘာဝနယ်မြေကို ကြည့်ပြီး နောက်တစ်ခု တွေးမိတာက စက်မှုလုပ်ငန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းနေမှုကို ဒီနယ်မြေက တစ်နည်းနည်း နှင့်တော့ အကျိုးပြုလိုက်မယ်လို့ထင်မြင်မိပါတယ်။ ဒီဟိုပေပြည်နယ် Cangzhuoမြို့မှာ ဓာတုနှင့် ရေနံစက်ရုံ၊ ကျောက်မီးသွေးကို အသုံးပြုလည်ပတ်နေတဲ့ စက်မှုလုပ်ငန်းတွေကြောင့် ပတ်ဝန်း ကျင်ညစ်ညမ်းများကို များစွာဖြစ်စေပါတယ်။ အဲဒီအတွက်ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုက များစွာ လိုအပ်လှပါတယ်။ အထူး သဖြင့် လေထုညစ်ညမ်းမှုပါ။ အခုလို လေထုညစ်ညမ်းမှုတွေကို ခြေဖျက် ပေးနိုင်တာက တော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်ပင်စိုက်ပျိုးရေးနှင့် သဘာဝရေမြေတွေ ကိုထိန်းသိမ်းခြင်းပဲဖြစ်ပါတယ်။ ဒီလို ပတ်ဝန်းကျင်ထိန်းသိမ်းမှုအပိုင်းမှာပဲ ဒီတရုတ်နိုင်ငံ ကိုတော့ အတုယူရမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို ပထမဦးစားပေး အဖြစ် လုပ်ဆောင်နေတာကို တွေ့ရလို့ဖြစ်ပါတယ်။

ဘာဖြစ်ဖြစ် အခု Cangzhuoမြို့က သဘာဝကျေးငှက်တိ၇ိစ္ဆာန်ထိန်းသိမ်းရေး ဇုန်ရောက်ခဲ့ ၇တာ ကျနော့်အတွက် များစွာအကျိုှးရှိစေတယ်လို့ထင်ပါတယ်။ ဒီမှာ သဘာဝကျေးငှက်တွေကို ထိန်းသိမ်းထားမှုအခြေအနေ၊ သဘာဝရေမြေကို နဂိုမူလအတိုင်းမပျက်စီးအောင်ထိန်းသိမ်းပေးထားပြီး ကျေးငှက်တို့ရဲ့ ဇီဝဖြစ်စဉ်အတိုင်းကျက်စားနိုင်အောင် လုပ်ဆောင်ပေးထားတာဟာ ကျနော့်အတွက် အသိအမြင်တစ်ခုတော့ ရရှိသွားခဲ့ရတာအမှန်ပါ။ ကိုယ့်နိုင်ငံပြန်ရောက်ရင်လည်း ဒီသဘာဝ ကျေးငှက်တွေထိန်းသိမ်းထားမှုအခြေအနေကို ပြန်လည်မျှဝေရင်း ကိုယ်တိုင်လည်း တတ်နိုင် သလောက် လုပ်ဆောင်သွားဖို့ရည်ရွယ်ထားလိုက်မိပါတယ်။ ဒါဟာ ဒီနေရာကို ကျနော်ရောက်ခဲ့၇တဲ့ အကျိုးကျေးဇူးတစ်ခုလို့ဆိုပါရစေဗျာ။

 

   Webradio