• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှား စီးပွားရေး ရှင်သန်မှု များစွာရှိဟု မလေးရှား ဝန်ကြီးချုပ်ဆို

(GMT+08:00) 2017-05-09 14:33:36

မလေးရှား နိုင်ငံ ဝန်ကြီးချုပ် နာဂျစ်က ယခုလ ၈ရက်နေ့က ကွာလာလန်ပူ မြို့တော် တွင်ကျင်းပခဲ့သော ၁၉ကြိမ်မြောက် အာရှ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ အစည်းအဝေးတွင် မလေးရှား စီးပွားရေးသည် ရှင်သန်မှု များစွာ ရှိကြောင်း ပြောကြားသည်ဟု တရုတ် သတင်းဌာနက ရေးသားဖော်ပြသည်။

၎င်းက လွန်ခဲ့သည့် နှစ်များတွင် အစိုးရ၏ စီမံခန့်ခွဲမှုဖြင့် မလေးရှား စီးပွားရေးသည် ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ အလုပ်လက်မဲ့နှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းသည် နည်းပါးကြောင်း၊ အမျိုးသား ဝင်ငွေ ပမာဏသည် ရာခိုင်နှုန်း ၅၀ခန့် တိုးလာကြောင်း၊ မလေးရှား စီးပွားရေးသည် ဆက်တိုက် မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio