• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Roadသည် ကမ္ဘောဒီးယား အတွက် ဖွံ့ဖြိုးရေး အောင်မြင်မှုများ ဆောင်ကြဉ်းဟု ကမ္ဘောဒီးယားဆို

(GMT+08:00) 2017-05-09 14:32:16

Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်သည် ယခုလ ၁၄ရက်နေ့မှ ၁၅ရက်နေ့အထိ ပီကင်းတွင် ကျင်းပမည် ဖြစ်ကြောင်း၊ ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဟုန်ဆင်သည် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ယခုအကြိမ် ဖိုရမ်သို့ တက်ရောက်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ကမ္ဘောဒီးယား သတ္တုလုပ်ငန်းနှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး Suy Semက စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် Belt and Roadမူဘောင်အတွင်း ကမ္ဘောဒီးယားနှင့် တရုတ်ပြည်တို့ ပြုလုပ်သော စွမ်းအင် ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယား အတွက် ဖွံ့ဖြိုးရေး အောင်မြင်မှုများ အမှန်တကယ် ဆောင်ကြဉ်းလာပြီး ကမ္ဘောဒီးယား ပြည်သူများ၏ နေထိုင်မှု ကောင်းမွန်လာအောင် တွန်းအားပေးနေကြောင်း ပြောကြားသည်။

   Webradio