![]() |
|
|
||||||
![]() |
![]() |
![]() |
|||||||||||||
![]() |
|||||||||||||
![]() |
|||||||||||||
|
|||||||||||||
![]() |
|||||||||||||
![]() |
OBOR အဆိုပြုချက်မူဘောင်အတွင်း "ထိုင်း-ဟောင်ကောင်-ရှန်ဟိုင်း မဟာဗျူဟာ မိတ်ဖက်များ" နှီးနှောဖလှယ်ပွဲကို ယခုလ ၈ ရက်နေ့က ဘန်ကောက်မြို့တွင် ကျင်းပခဲ့ရာ၊ အစည်းအဝေး တက်ရောက်သူများသည်၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံ မှုအားဖြည့်ဆောင်ရွက်ရေးအပါအဝင်အကြောင်းအရာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ နှီးနှောဖလှယ်ခဲ့ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။
ထိုင်းနိုင်ငံ ဒု ဝန်ကြီးချုပ် Somkid က၊ ထိုင်းနိုင်ငံအနေနှင့်၊ မြန်နှုန်းမြင့်ရထားလမ်း၊ လေဆိပ်နှင့် ရေနက်ဆိပ်ကမ်းစသည့် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းဖြင့်၊ သန့်စင်စွမ်းအင်သုံးမော်တော်ယာဉ်၊ ဇီဝသိပ္ပံပညာအပါအဝင်အဆင့်မြင့်လုပ်ငန်းသစ်များ အား တွန်းအားပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သိရသည်။